သမီးေလးထရက္ရွာဆီက စကားတစ္ခြန္းေၾကာင့္ နွလံုးသားေတြအရည္ေပ်ာ္မတတ္ ၾကည္နူးေနရတဲ့ စႏၵီျမင့္လြင္

Posted on

ပရိသတ်တွေချစ်ကြတဲ့ စန္ဒီမြင့်လွင် က အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်အောင်မြင်သူလေး ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် မတ်လအတွင်းမှာ ကိုသီဟလွင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာကလည်း မေမေနဲ့တူပြီး အမြဲတမ်း နှုတ်ခမ်းလေးထော်ပြီး အသည်းယားစရာ အမူအယာလေးတွေလုပ်တတ်တာမို့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စန္ဒီမြင့်လွင်က သူမရဲ့ ပီတိလေးတစ်ခုကို ပရိသတ်တွေအတွက် မျှဝေပြောပြလာပါတယ်။ “ကမ္ဘာပေါ်မှာ နားထောင်လို့ အကောင်းဆုံးသော ခေါ်သံလေးတစ်ခု မေမေကြားခွင့်ရခဲ့ပြီ သမီးလေးရေ ❤ “မေမေ” တဲ့……မေမေ့ကိုတွေ့တာနဲ့ ခေါ်ယုံတင်မဟုတ်ဘူး ၊ မေမေ့ပုံတွေတွေ့တာနဲ့ သူ့အမေဆိုတာ သူမှတ်မိနေတတ်ပြီ။ ထရက်ရှာ့ရဲ့ မေမေလို့ ခေါ်သံမှာ ဒီမေမေအရည်ပျော်ရပါပြီ သမီးရေ 😍 ချစ်တယ် ❤” ဆိုပြီး သမီးလေးဆီက မေမေလို့ခေါ်တဲ့ စကားသံလေးကြောင့် ပျော်ရွှင်နေရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ သမီးလေးဆီက မေမေလို့ စခေါ်တဲ့ စကားတစ်ခွန်းကြောင့် နှလုံးသားတွေ အရည်ပျော်မတတ်ခံစားနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်ရဲ့ ပီတိလေးကို ထပ်တူခံစားနိုင်မယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sandy Myint Lwin’s fb
zawgyi

ပရိသတ္ေတြခ်စ္ၾကတဲ့ စႏၵီျမင့္လြင္ က အဆုိပိုင္းမွာသာမက သရုပ္ေဆာင္ပိုင္းမွာပါ ထူးခၽြန္ေအာင္ျမင္သူေလး ျဖစ္ပါတယ္။ စႏၵီျမင့္လြင္က ျပီးခဲ့တဲ့ (၂၀၁၈) ခုနွစ္ မတ္လအတြင္းမွာ ကိုသီဟလြင္နဲ့ လက္ထပ္ခဲ့ျပီး အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သမီးေလးတစ္ေယာက္ကို ေမြးဖြားထားတဲ့ မိခင္တစ္ဦးျဖစ္ေနပါျပီ။ စႏၵီျမင့္လြင္ရဲ့ သမီးေလး ထရက္ရွာကလည္း ေမေမနဲ့တူျပီး အျမဲတမ္း နႈတ္ခမ္းေလးေထာ္ျပီး အသည္းယားစရာ အမူအယာေလးေတြလုပ္တတ္တာမို့ ပရိသတ္ေတြက သည္းသည္းလႈပ္ခ်စ္ေနရတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ စႏၵီျမင့္လြင္က သူမရဲ့ ပီတိေလးတစ္ခုကို ပရိသတ္ေတြအတြက္ မွ်ေဝေျပာျပလာပါတယ္။ “ကမာၻေပၚမွာ နားေထာင္လို႔ အေကာင္းဆုံးေသာ ေခၚသံေလးတစ္ခု ေမေမၾကားခြင့္ရခဲ့ၿပီ သမီးေလးေရ ❤ “ေမေမ” တဲ့……ေမေမ့ကိုေတြ႕တာနဲ႔ ေခၚယုံတင္မဟုတ္ဘူး ၊ ေမေမ့ပုံေတြေတြ႕တာနဲ႔ သူ႔အေမဆိုတာ သူမွတ္မိေနတတ္ၿပီ။ ထရက္ရွာ့ရဲ႕ ေမေမလို႔ ေခၚသံမွာ ဒီေမေမအရည္ေပ်ာ္ရပါၿပီ သမီးေရ 😍 ခ်စ္တယ္ ❤” ဆိုျပီး သမီးေလးဆီက ေမေမလို့ေခၚတဲ့ စကားသံေလးေၾကာင့္ ေပ်ာ္ရႊင္ေနရေၾကာင္း ေျပာျပလာတာပဲ ျဖစ္ပါတယ္။

စႏၵီျမင့္လြင္ကေတာ့ သမီးေလးဆီက ေမေမလို့ စေခၚတဲ့ စကားတစ္ခြန္းေၾကာင့္ နွလံုးသားေတြ အရည္ေပ်ာ္မတတ္ခံစားေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စႏၵီျမင့္လြင္ရဲ့ ပီတိေလးကို ထပ္တူခံစားနိုင္မယ္လို့ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္

Source: Sandy Myint Lwin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.