သမီးေလးကိုရရိွျပီးမွ ဘဝမွာတစ္ခါမွမလုပ္ဖူးတဲ့ အလုပ္ေတြကို စနစ္က်က်လုပ္ကိုင္ျဖစ္ေနေၾကာင္း ေျပာျပလာတဲ့ စည္ျဖိဳး

Posted on

သရုပ္ေဆာင္ စည္ျဖိဳးနဲ့ သရုပ္ေဆာင္ ခင္လႊမ္းတို့ကေတာ့ စိတ္တူ ကိုယ္တူနဲ့ ဝါသနာခ်င္းပါ ထပ္တူက်တဲ့ ခ်စ္သူစံုတြဲေလးျဖစ္တာေၾကာင့္ ေရွ့သြားေနာက္လုိက္ညီတယ္လို့ ပရိသတ္ေတြက မွတ္ခ်က္ေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတုိ့ကေတာ့ ခ်စ္သူဘဝမွာပဲ ရင္ေသြးေလးကို ရရိွခဲ့တာမို့ အခုဆိုရင္ နွစ္ဖက္မိဘသေဘာတူၾကည္ျဖဴစြာနဲ့ ျပီးခဲ့တဲ့ နိုဝင္ဘာလ (၅) ရက္ေန့မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲေလးကို က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ၾကင္စဦးဇနီးေမာင္နွံျဖစ္လို့ေနျပီျဖစ္တဲ့ စည္ျဖိဳးနဲ့ ခင္လႊမ္းတုိ့ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမၾကင္နာစြာနဲ့ ဂရုတစိုက္ရိွၾကျပီး မၾကာခင္လူ့ေလာကထဲေရာက္ရိွလာမယ့္ သမီးေလးအတြက္လည္း ရင္ခုန္စြာနဲ့ ေစာင့္ဆိုင္းေနၾကတာပဲ ျဖစ္ပါတယ္။

ပထမဦးဆံုးရင္ေသြးေလးကို ပိုင္ဆိုင္ရေတာ့မယ္ျဖစ္တဲ့ စည္ျဖိဳးက သူ့ရဲ့သမီးေလးအတြက္ အစစအရာရာျပင္ဆင္ရင္း စိတ္ကူးနဲ့ ရူးေနရရွာတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးက သမီးေလးကို မျမင္ရေသးခင္ ခင္လႊမ္းရဲ့ ဗိုက္ထဲမွာေတာ့ သမီးေလးနဲ့ပက္သတ္သမွ် ေဆးခန္းျပရမယ့္ရက္၊ သမီးေလးရဲ့ သေႏၶသားရက္တို့ကို တြက္ခ်က္ျပီး အေသးစိတ္ဂရုစိုက္ျဖစ္ေနေၾကာင္းကို “ဘဝမွာတစ္ခါမွ အခုေလာက္ စနစ္တက် မမွတ္ဖူးဘူး… still counting ပါသမီးေလးေရ” ဆိုျပီး ေျပာလာပါတယ္။

စည္ျဖိဳးကေတာ့ လူ့ေလာကထဲကို မေရာက္လာေသးတဲ့ သမီးေလးကို စိတ္ကူးနဲ့ တမ္းတရင္း ေန့ရက္ေတြကို ေရတြက္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စည္ျဖိဳးကိုၾကည့္ျပီး ကိုယ္တိုင္ဝမ္းနဲ့လြယ္မေမြးရေပမယ့္ သားသမီးေတြကို မျမင္ရေသးခင္အခ်ိန္ကတည္းက ျမတ္ျမတ္နိုးနိုးခ်စ္ၾကတဲ့ ဖခင္ေတြရဲ့ ေမတၱာကို ခံစားသိရိွသြားမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ myanmar cele cafe ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Si Phyo’s fb

unicode

သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာချင်းပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဖြစ်လို့နေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြင်နာစွာနဲ့ ဂရုတစိုက်ရှိကြပြီး မကြာခင်လူ့လောကထဲရောက်ရှိလာမယ့် သမီးလေးအတွက်လည်း ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ်ဖြစ်တဲ့ စည်ဖြိုးက သူ့ရဲ့သမီးလေးအတွက် အစစအရာရာပြင်ဆင်ရင်း စိတ်ကူးနဲ့ ရူးနေရရှာတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးက သမီးလေးကို မမြင်ရသေးခင် ခင်လွှမ်းရဲ့ ဗိုက်ထဲမှာတော့ သမီးလေးနဲ့ပက်သတ်သမျှ ဆေးခန်းပြရမယ့်ရက်၊ သမီးလေးရဲ့ သန္ဓေသားရက်တို့ကို တွက်ချက်ပြီး အသေးစိတ်ဂရုစိုက်ဖြစ်နေကြောင်းကို “ဘဝမှာတစ်ခါမှ အခုလောက် စနစ်တကျ မမှတ်ဖူးဘူး… still counting ပါသမီးလေးရေ” ဆိုပြီး ပြောလာပါတယ်။

စည်ဖြိုးကတော့ လူ့လောကထဲကို မရောက်လာသေးတဲ့ သမီးလေးကို စိတ်ကူးနဲ့ တမ်းတရင်း နေ့ရက်တွေကို ရေတွက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးကိုကြည့်ပြီး ကိုယ်တိုင်ဝမ်းနဲ့လွယ်မမွေးရပေမယ့် သားသမီးတွေကို မမြင်ရသေးခင်အချိန်ကတည်းက မြတ်မြတ်နိုးနိုးချစ်ကြတဲ့ ဖခင်တွေရဲ့ မေတ္တာကို ခံစားသိရှိသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ myanmar cele cafe ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Phyo’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.