သမီးမိန်းကလေးတွေဖြစ်ပေမယ့် ဖေဖေလင်းနဲ့တူတဲ့ စိတ်ဝိညာဉ်တွေအပြည့်ရှိကြောင်း တွေ့ရတဲ့ ခေတ်နဲ့ သစ်

Posted on

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့နှစ်ယောက်က စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်၊ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းပြီး လိမ္မာတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ သမီးလေးနှစ်ယောက်ကို မွေးဖွားထားကြပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လင်းလင်းနဲ့ ချစ်သုဝေတို့အပြင် ခေတ်လေးနဲ့ သစ်လေးရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ ခေတ်လေးနဲ့ သစ်လေးက ဒီတစ်ခေါက်မှာတော့ ဂျင်းဝမ်းဆက်အပြည့်ဝတ်ပြီး ဖေဖေလင်းလင်းလို Rocker တစ်ယောက် ဒီဇိုင်းနဲ့ တွေ့ရပါတယ်။ ခေတ်နဲ့သစ်ကတော့ သမီးမိန်းကလေးတွေဖြစ်ပေမယ့် ဖေဖေလင်းလင်းနဲ့ တော်တော်များများ အကျင့်စရိုက်တွေတူကြပြီး မေမေချစ်သုဝေနဲ့ကတော့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကို တူကြတာပဲ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်ကတော့ တကယ့် Rocker ပေါက်စလေးတွေလို အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း အရမ်းမိမိုက်ပြီး အထာကျနေတဲ့ ခေတ်နဲ့ သစ်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Chit Thu Wai’s ig

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.