သမီးငယ်ဆွိချိုရဲ့ Youtube Channel မှာ တင်ဖို့အတွက် မေးတစ်ခွန်း၊ ဖြေတလှည့်နဲ့ အင်တာဗျူးခံနေရတဲ့ ဟန်ထူးလွင်ရဲ့ ဗီဒီယို

Posted on

အဆိုတော်ကြီး ရင်ဂိုရဲ့ သားနဲ့သမီးဖြစ်တဲ့ ဟန်ထူးလွင်နဲ့ ဟန်နေလွင်လွင်တို့က ဖခင်ဖြစ်သူရဲ့ ဂီတအမွေတွေကို ဆက်ခံရရှိထားတာ ဖြစ်ပါတယ်။ ဟန်ထူးလွင်ကတော့ သွားဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို အခုချိန်ထိတိုင် တစိုက်မတ်မတ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀)ပတ်ဝန်းကျင်ကတည်းကတိုင် ယနေ့ချိန်ထိ ဟန်ထူးလွင်ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေရင်ထဲ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ အိမ်ထောင်နဲ့တရားဝင်ကွာရှင်းပြတ်ဆဲထားတဲ့ ဟန်ထူးလွင်က အားတဲ့အချိန်တိုင်းမှာတော့ သမီးနှစ်ယောက်ကို အချိန်ပေးသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဟန်ထူးလွင်က သမီးငယ်ဆွိချိုရဲ့ ကိုယ်ပိုင် Youtube Channel မှာ တင်ဖို့အတွက် အင်တာဗျူးခံနေရတဲ့အကြောင်းကို အခုလိုပဲ မျှဝေထားပါတယ်။

ဟန်ထူးလွင်ရဲ့ သမီးငယ်လေး ဆွိချိုကတော့ ချစ်စရာကောင်းပြီး စကားတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အတိုင်အဖောက်ညီညီနဲ့ မေးတစ်ခွန်း၊ ဖြေတလှည့်လုပ်ထားတဲ့ ဟန်ထူးလွင်တို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Han Htue Lwin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.