သမိုင္းေခတ္ေနာက္ခံဇာတ္လမ္းတြဲအသစ္မွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔သတင္းထြက္ေနတဲ့ Jung Il Woo

Posted on

ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီးမင္းသားတစ္လက္ျဖစ္တဲ့ Jung Il Woo ဟာဆိုရင္ ၿပီးခဲ့တဲ့ႏွစ္တုန္းက ထုတ္လႊင့္ျပသၿပီးေအာင္ျမင္မႈရခဲ့တဲ့ သူ႔ရဲ႕ ‘Haechi’ ေရွးေခတ္ေနာက္ခံဇာတ္လမ္းတြဲမွာပါဝင္ခဲ့အၿပီး ေနာက္ထပ္ေရွးေခတ္ေနာက္ခံဇာတ္လမ္းတြဲအသစ္မွာ ေခါင္းေဆာင္မင္းသားေနရာကေနပါဝင္သြားဖို႔ရွိတယ္လို႔သိရပါတယ္။

ဇြန္လ ၂၉ ရက္ေန႔ မေန႔တုန္းက ထြက္ရွိခဲ့တဲ့ Ilgan Sports သတင္းဌာနရဲ႕ထုတ္ျပန္ခ်က္အရဆိုရင္ Jung Il Woo ဟာ ‘Bossam – Stealing Fate’ လို႔ယာယီအမည္ေပးထားတဲ့ ဇာတ္လမ္းတြဲမွာပါဝင္သြားမွာျဖစ္ၿပီး မင္းသမီးေလးတစ္ပါးကို အမွတ္မထင္ျပန္ေပးဆြဲလာမိတဲ့ ျပန္ေပးသမားတစ္ေယာက္ရဲ႕ဇာတ္လမ္းပုံစံမ်ိဳးျဖစ္တယ္လို႔ဆိုပါတယ္။

ထြက္ရွိလာတဲ့သတင္းေတြမွာေတာ့ Jung Il Woo ဟာ ငယ္စဥ္အ႐ြယ္တုန္းက လူတစ္ဦးရဲ႕ႀကိဳတင္စီစဥ္မႈနဲ႔ ေခၚေဆာင္ခံသြားရၿပီး ကံေကာင္းထမလို႔လြတ္ေျမာက္လာခ်ိန္မွာေတာ့ သူ႔ရဲ႕သ႐ုပ္မွန္ကိုဖုံးကြယ္ကာ ေက်း႐ြာတစ္႐ြာမွာဇာတ္ျမဳပ္ၿပီးေနထိုင္တဲ့ Ba Woo ဆိုတဲ့ဇာတ္ေကာင္ေနရာကေနပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေဖာ္ျပထားၾကပါတယ္။

ဒီလိုမ်ိဳးသတင္းေတြထြက္ရွိေနေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ Jung Il Woo ဟာ သူ႔ကိုကမ္းလွမ္းထားတဲ့ ဒီဇာတ္ေကာင္ေနရာမွာသ႐ုပ္ေဆာင္ဖို႔အတြက္ စဥ္းစားေနဆဲအဆင့္သာရွိေသးၿပီး မည္သည့္႐ုပ္သံလိုင္းကေနထုတ္လႊင့္ျပသမယ္ဆိုတာကလည္း မေသခ်ာေသးပါဘူး။ တကယ္လို႔႐ိုက္ကူးၿပီးထုတ္လႊင့္ျပသျဖစ္မယ္ဆိုရင္ေတာ့ လာမယ့္ႏွစ္ရဲ႕ပထမႏွစ္ဝက္ေလာက္မွာ ျပသဖို႔ခန႔္မွန္းထားၾကၿပီး ပရိသတ္ေတြကေတာ့ Jung Il Woo ကို အဆိုပါဇာတ္ေကာင္မွာ ပါဝင္ဖို႔အတြက္ ေမွ်ာ္လင့္ထားၾကပါတယ္။

Ref : SBS Star

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Jung Il Woo ဟာဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်လွှင့်ပြသပြီးအောင်မြင်မှုရခဲ့တဲ့ သူ့ရဲ့ ‘Haechi’ ရှေးခေတ်နောက်ခံဇာတ်လမ်းတွဲမှာပါဝင်ခဲ့အပြီး နောက်ထပ်ရှေးခေတ်နောက်ခံဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားနေရာကနေပါဝင်သွားဖို့ရှိတယ်လို့သိရပါတယ်။

ဇွန်လ ၂၉ ရက်နေ့ မနေ့တုန်းက ထွက်ရှိခဲ့တဲ့ Ilgan Sports သတင်းဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် Jung Il Woo ဟာ ‘Bossam – Stealing Fate’ လို့ယာယီအမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာပါဝင်သွားမှာဖြစ်ပြီး မင်းသမီးလေးတစ်ပါးကို အမှတ်မထင်ပြန်ပေးဆွဲလာမိတဲ့ ပြန်ပေးသမားတစ်ယောက်ရဲ့ဇာတ်လမ်းပုံစံမျိုးဖြစ်တယ်လို့ဆိုပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေမှာတော့ Jung Il Woo ဟာ ငယ်စဉ်အရွယ်တုန်းက လူတစ်ဦးရဲ့ကြိုတင်စီစဉ်မှုနဲ့ ခေါ်ဆောင်ခံသွားရပြီး ကံကောင်းထမလို့လွတ်မြောက်လာချိန်မှာတော့ သူ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ကာ ကျေးရွာတစ်ရွာမှာဇာတ်မြုပ်ပြီးနေထိုင်တဲ့ Ba Woo ဆိုတဲ့ဇာတ်ကောင်နေရာကနေပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

ဒီလိုမျိုးသတင်းတွေထွက်ရှိနေပေမယ့်လည်း လက်ရှိအချိန်မှာတော့ Jung Il Woo ဟာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒီဇာတ်ကောင်နေရာမှာသရုပ်ဆောင်ဖို့အတွက် စဉ်းစားနေဆဲအဆင့်သာရှိသေးပြီး မည်သည့်ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသမယ်ဆိုတာကလည်း မသေချာသေးပါဘူး။ တကယ်လို့ရိုက်ကူးပြီးထုတ်လွှင့်ပြသဖြစ်မယ်ဆိုရင်တော့ လာမယ့်နှစ်ရဲ့ပထမနှစ်ဝက်လောက်မှာ ပြသဖို့ခန့်မှန်းထားကြပြီး ပရိသတ်တွေကတော့ Jung Il Woo ကို အဆိုပါဇာတ်ကောင်မှာ ပါဝင်ဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Ref : SBS Star

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.