သဘာဝဘေးအန္တရာယ်ဆိုးတစ်ခုကြောင့် စိတ်ထိခိုက်နေရတဲ့ ညီမင်းခိုင်

Posted on

 

ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အခုအချိန်ထိ ရရှိထားပြီး ဂီတလောကမှာမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသား တေးသံရှင် ညီမင်းခိုင်တစ်ယောက် သဘာဝဘေးအန္တရယ်ဆိုးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ သဘာဝဘေးဆိုတာကလည်း ဘယ်အချိန်မှာ ဘယ်လို ကြုံတွေ့ရမလဲဆိုတာ တိတိကျကျကြိုတင်မခန့်မှန်းနိုင်တဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။

 

 

ညီမင်းခိုင်တို့ ရဲ့ ဇာတိချက်ကြွေ ရွာကလေးက အိမ်လေး ဟာ ကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့တယ်လို့ သိရပါတယ်။ ညီမင်းခိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ …. ရွာမှာရှိတဲ့,ကိုယ်တွေရဲ့မိသားစုအိမ်လေး…ကမ်းပါးပြိုလို့အကုန်ပါသွားပြီတဲ့…ဝမ်းနည်းစိတ်မကောင်းဖြစ်ရုံမှတပါး…ကိုယ့်ဘဝကဘာမှမလုပ်ပေးနိုင်သေးဘူး…#NMK. ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။အဆိုပါကြေကွဲစရာဖြစ်ရပ်အတွက် အနုပညာမိသားစုဝင်တွေဖြစ်တဲ့ ကော်နီ၊ရတနာမိုင် ၊ ပိုပို ၊ ဖြိုးပြည့်စုံစတဲ့ နိုင်ငံကျော်တေးသံရှင်တွေ က အားပေးစကားပြောကြားပြီး လိုအပ်တာတွေကို ကူညီပေးမယ့်အကြောင်းတွေကို မှတ်ချက်ကနေ ရေးသားပြောပြထားတာကိုလည်း တွေ့ရပါတယ်။

အောင်မြင်နေတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပေမယ့် ရပ်တည်ဖို့ခက်ခဲနေတဲ့ ဂီတလောကအခြေအနေ မှာ ညီမင်းခိုင်တစ်ယောက် သူ့ရဲ့ မိသားစု ကို ကူညီမှုမပေးနိုင်တဲ့အတွက် အင်မတန်လည်း စိတ်ထိခိုက်နေရပုံပေါ်ပါတယ်။ သိစေချင်လွန်းလို့ ပရိသတ်တွေလည်း စိတ်ထိခိုက်နေရတဲ့ ညီမင်းခိုင်အတွက် အားပေးစကားလေးတွေ ပြောပြပေးခဲ့ပါဦး ။

Source – Nyi Min Khine

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.