သဘာဝတရားတွေကို ချစ်သင့်သလောက် ချစ်နိုင်အောင် ကြိုးစားနေတယ်လို့ဆိုလိုက်တဲ့ အိချောပို

ပရိသတ်တွေရဲ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ အောင်မြင်တဲ့ အနုပညာ ရှင်အဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့လည်း ဖမ်းစားတတ်သူလေးပါ..။

အေးချမ်းတဲ့အလှ တရားတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ညို့အားပြင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကောက်ကြောင်းအလှ တရားတွေကြောင့်လည်း ပုရိသ ပရိသတ်တွေ အများဆုံး ရရှိထားပြီး မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ ရရှိထားသူလေးပဲ ဖြစ်ပါတယ်..။

စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး အိချောပိုကတော့ ပရိသတ်တွေကို အမြဲ အချစ်ပိုစေသလို အခုတစ်ခါမှာလည်း သဘာဝ တရားတွေကို ချစ်သင့်သလောက် ချစ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်နော်..။

ကမ်းခြေမှာ ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ ချစ်စရာအမှတ်တရပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို ပြောပြထားတာဖြစ်ပြီး ကမ်းခြေမှာ ပုခတ်စီးပြီး ကလေးလေး တစ်ယောက်လို ကစားရင်းပျော်နေတဲ့ စူစူလေးကိုလည်း ပရိသတ်တွေ အချစ်ပိုစေမှာပါ..။

“သဘာဝတရားလေးတွေကို ချစ်သင့်သလောက် ချစ်နိုင်အောင်ကြိုးစားနေတယ်..” ဆိုပြီး ချစ်စဖွယ်လေး ရေးသားပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘော ကျနေကြတာလည်း တွေ့ရပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် စူစူလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo – အိချောပို

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.