သန်းကြွယ်ဘောစိများနဲ့ လက်ထပ်ခဲ့ကြတဲ့ နာမည်ကျော် ထိုင်းမင်းသမီးများ

Posted on

ထိုင်းနိုင်ငံရဲ့ အလှဆုံးစာရင်းဝင် မင်းသမီးများ ဖြစ်သလို ပရိသတ်များရဲ့ အားပေးထောက်ခံမှုများစွာကို ၀က်ဝက်ကွဲ ရရှိထားတဲ့ ထိုင်းမင်းသမီးများဟာ သန်းကြွယ်ဘောစိများနဲ့ ဘ၀ခရီးလမ်းကို ကြည်ကြည်နူးနူး လျှောက်လှမ်းခဲ့ကြပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘ၀လေးများကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ ကဲ .. သူတို့တွေရဲ့ အကြောင်းကို စပ်စုကြရအောင်။

 

၁။ Nune Woranuch

Photo : WP (@woranuch_piti) IG

မင်းသမီး Nune Woranuch က Todd Piti နဲ့ (၂၀၁၉) ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ကုမ္ပဏီက မင်းသမီး လက်ခံထားတဲ့ အလှမယ်စာချုပ်ပွဲအတွက် စပွန်ဆာပေးထားတာ ဖြစ်ပြီး ထိုကနေမှတဆင့် တစ်ဦးနဲ့တစ်ဦး စတင် တွေ့ဆုံခဲ့ကြတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

 

၂။ Aimee Morakot

Photo : Thai Update

မင်းသမီးချော Aimee ကတော့ James Jirayuth နဲ့ (၂၀၁၅) ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး အခုဆိုရင် သားလေးတစ်ဦးကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ပါတယ်။

 

၃။ Ning Panita

Photo : Thai Update

(၂၀၁၁) ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ မင်းသမီး Ning Panita က Jin Jarin နဲ့ လက်ထပ်ကာ ဘ၀ခရီးလမ်းကို အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။ Nong Nirin ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

 

၎။ Noey Chotika

Photo : Thai Update

လှပတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ Noey Chotika က တည်ကြည်ခန့်ငြားတဲ့ သူမရဲ့ချစ်သူ Arm Maneechy နဲ့ (၂၀၁၆) ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် မိဘနှစ်ပါးအတိုင်း ချစ်ဖို့ကောင်းတဲ့ သားလေး Nong Akin ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

၅။ Chompoo Araya

Photo : Thai Update

နိုင်ငံခြားအထိ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးချော Chompoo Araya က Nott Vitsarut နဲ့ (၂၀၁၅) ခုနှစ် မေလ (၁၀) ရက်နေ့မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အနုပညာခရီးလမ်းမှာ အောင်မြင်သလို အချစ်ရေးမှာပါ ချောမွေ့လှတဲ့ Araya က အမြွှာသားလေးများကိုပါ ရရှိထားတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။

 

၆။ Tak Bongkod

Photo : Thai Update

(၂၀၁၃) ခုနှစ် မတ်လ (၂၈) ရက်နေ့မှာ မင်းသမီး Tak Bongkod က Chao Sua Boon Chai နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

 

၇။ Margie Rasri

Photo : Thai Update

မင်းသမီး Margie Rasri က Pok Passakorn နဲ့ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ရွှေလက်တွဲခဲ့ကြပြီး အခုဆိုရင် သူတို့နှစ်ဦးမှာ အမြွှာလေးများကို ပိုင်ဆိုင်ထားကြတဲ့ မိသားစုလေး ဖြစ်လို့နေပါပြီ။

 

Source – Thai Update

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.