သတိမေ့နေတဲ့ (၁၅)ရက်တာအချိန်အတွင်း မသိစိတ်က မွေးရပ်မြေနဲ့ မိခင်ဆီကို ရောက်ရှိနေကြောင်း ပြောလာတဲ့ မန်းဝင်း

Posted on

သရုပ်ဆောင်၊ လူရွှင်တော် မန်းဝင်းကတော့ အသက်အန္တာရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ (၁၅) ရက်တာ သတိမေ့မြောနေခဲ့တဲ့ ဦးမန်းဝင်းက အဲ့ဒီအချိန်အတွင်းမှာပဲ သူ့ရဲ့ မွေးရပ်မြေရွာလေးကို ပြန်ရောက်သွားပြီး မိခင်ဖြစ်သူနဲ့ ဆုံတွေ့ခဲ့ကြောင်း သူ့ရဲ့ သားသမီးတွေကို ပြန်လည်ပြောပြခဲ့ကြောင်း အခုလိုပဲ သိရပါတယ်။

“အဖေ ဦးမန်းဝင်း သတိမေ့နေတဲ့ ၁၅ ရက်မှာ ဘယ်တွေသွား ဘာတွေလုပ်လဲ သိချင်လို့ ဖြည်းဖြည်းချင်း မေးထားတာပါ။ ” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ “၊ ” ပြောမယ် “၊ ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ “၊ ” ရွာရောက်နေတာ ” (အဖေ့ဇာတိ ကမာကယာကျေးရွာပါ)၊ ” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ “၊ ” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ “၊ ” ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ “၊ ” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ )၊ ” အဖွားက ဘယ်မှာနေလဲအဖေ “၊ ” သူ့အိမ်လေးမှာနေတယ် ” ”

“” အဖွားက စကားပြောလား “၊ ” မပြောဘူး “၊ ” အဖေ့ကိုရော မြင်လား “၊ ” မြင်တယ် မပြောတာ “၊ ” အဖွားက ရွာမှာဘာလုပ်နေတာလဲ “၊ ” ဥပုသ်စောင့်နေတယ် “၊ ” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား “၊ ” မတွေ့ပါဘူး “၊ ” တောကုလားကြီးရော တွေ့လား ” ( အဖေ့အစ်ကိုကြီးပါ )၊ ” မတွေ့မိဘူး “၊ ” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ “၊ ” အဖေ့ဘာသာ ပြန်လာတာ “။ လေသံထွက်ပြီး အားလုံးနီးပါး မှတ်မိပါတယ်” ဆိုပြီး ဦးမန်းဝင်းရဲ့ သားသမီးတွေက ပြန်လည်ပြောပြထားပါတယ်။

ဦးမန်းဝင်းကတော့ သတိမေ့မြောနေတဲ့အချိန်လေးအတွင်း မသိစိတ်ကနေ သူစွဲလန်းနေတဲ့ နေရာလေးကို ပြန်လည်ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထူးဆန်းလွန်းတဲ့ ဦးမန်းဝင်းရဲ့အဖြစ်ကို သိရပြီး အံ့သြမဆုံးဖြစ်နေကြမယ် ထင်ပါတယ်။

Source: Man Win – Joker’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.