သင့်ကို သူ တကယ်ချစ်တာမဟုတ်ဘဲ အပျင်းပြေလာပတ်သက်နေမှန်းသိသာနေတဲ့အချက်( ၆ )ချက်

Posted on

သူသင့်ကိုတကယ်ချစ်တာမဟုတ်ဘဲ အပျင်းပြေလာပတ်သက်နေမှန်းသိသာနေတဲ့အချက်( ၆ )ချက်

အခုခေတ်မှာ ရည်းစားစကားပြောဖို့ဆိုတာ ရေထသောက်တာထက်တောင် ပိုလွယ်ပြီး ၊ ပိုသက်တောင့်သက်သာရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကို လာပတ်သက်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုရမလားဆိုပြီး သွေးတိုးစမ်းတာလား၊ အပျင်းပြေရောရင်း ရရင်အမြတ်ပဲလို့သဘောထားနေတာလား၊ လာကစားနေတာလား၊ တကယ်ပဲကြွေနေတာလားဆိုတာ ခွဲခြားဖို့ခက်ခဲပါတယ်။

ဒီတော့ ကိုယ့်ကိုလာပတ်သက်နေတဲ့သူက တကယ်ချစ်တာမဟုတ်ဘဲ ကစားရုံသက်သက်၊ သွေးတိုးစမ်းရုံသက်သက်ပဲရည်ရွယ်တယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါလိမ့်မယ်။

(1)- အဆင့်ကျော်တဲ့စကားတွေကိုခပ်တည်တည်ပြောနေမယ်

ကိုယ့်ဘက်က သူ့ကိုဘာမှပြန်မပြောရသေးဘဲ၊ နှစ်ယောက်သားက ချစ်သူ၊ရည်းစားတွေလည်းမဖြစ်သေးပါဘဲ ချစ်သူ၊ရည်းစားတွေလို စကားလုံးအသုံးအနှုန်းတွေပြောတာမျိုး၊ ကိုယ်နဲ့ပတ်သက်လို့ ပိုင်စိုးပိုင်နင်းပြောဆိုတာမျိုးတွေလုပ်တတ်ပါတယ်။ အဲ့ဒီစကားတွေမှာ သာယာမိရင် ကိုယ်ပဲစိတ်ညစ်ရမှာပါ။

(2)- ဘာကိုမှအလေးအနက်မထားဘူး

ကိုယ့်ကိုသဘောကျတယ်လို့ပြောပေမယ့် ကိုယ်နဲ့ပတ်သက်လို့ စိတ်ဝင်တစားမရှိဘဲ ၊ ကိုယ်ပြောတဲ့စကားတွေကိုလည်း မမှတ်မိဘူး၊ သူကိုယ့်ကိုပြောပြီးသားတွေကိုလည်း ထပ်တလဲလဲပြန်ပြောနေမယ်ဆိုရင် သေချာပေါက် သူဟာသင့်ကိုမချစ်ပါဘူး။

(3)- တခြားမိန်းကလေးတွေနဲ့လည်းအရောတဝင်နေတယ်

ကိုယ့်ကိုတကယ်ချစ်တဲ့သူက သူငယ်ချင်းမိန်းကလေးတွေကလွဲလို့ တခြား ဘာပတ်သက်မှုမှမရှိတဲ့မိန်းကလေးတွေနဲ့ ဆက်ပြီးပတ်သက်နေတော့မှာမဟုတ်ပါဘူး။ သူကတော့အဲ့လိုမဟုတ်ဘဲ တခြားမိန်းကလေးတွေနဲ့ အရောတဝင်နေတယ်၊ ဘယ်လိုအခြေအနေလဲခန့်မှန်းမရတဲ့ပုံစံမျိုးတွေပြုမူနေတယ်ဆိုရင်တော့ သင့်အနေနဲ့ သူနဲ့ဆက်ပြီးပတ်သက်ဖို့ သေချာစဉ်းစားရတော့မှာပါပဲ။

(4)- သူနဲ့သင့်ကြားကပတ်သက်မှုကိုလူသိမှာကြောက်နေတယ်

သင်တို့နှစ်ယောက်ကြားမှာ သင့်ဘက်ကဘာမှမတုံ့ပြန်ရသေးပေမယ့် သူက သူသင့်ကိုသဘောကျနေတဲ့အကြောင်း လူတွေမသိအောင်ဖုံးထားတယ်၊ လူသိမှာကြောက်နေတယ်ဆိုရင်တော့ သေချာပေါက် အပျော်ကြံနေတာပဲဖြစ်ပါတယ်။

(5)- ကတိတွေအများကြီးပေးမယ်၊ ပြီးရင်မေ့နေမယ်

မင်းနဲ့တွေ့မှ အရာအားလုံးပြောင်းလဲသွားတယ်၊ မင်းဘဝတလျှောက်လုံးစိတ်ချမ်းသာစေရမယ်၊ မင်းအတွက်ဘာမဆိုဖြည့်ဆည်းပေးမယ်၊ မင်းလိုအပ်တဲ့အချိန်အမြဲအဆင်သင့်ပဲ၊ မင်းအတွက်ကြိုးစားနေပြီ အဲ့လိုစကားတွေတစ်ချိန်လုံးပြောတတ်ပြီး တခါတလေအဲ့ဒီစကားတွေသူမပြောခဲ့သလိုလုပ်နေတတ်ပါတယ်။

သေချာပေါက်တွေ့ကရာလျှောက်ပြောနေတာပါ၊ မယုံသင့်ပါဘူး။

(6)- သူ့ကိုကြိုက်နေတဲ့သူတွေအများကြီးရှိတယ်လို့ပြောတတ်တယ်

သူ့မှာရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲက သင့်ကိုပဲသူကကြိုက်တာဆိုတဲ့ပုံစံမျိုးပြောတာပါ။ သူ့ကိုကြိုက်နေတဲ့သူတွေရှိပေမယ့် သူ့ဘက်ကတော့စိတ်မဝင်စားဘူး သင်တစ်ယောက်တည်းကိုပဲချစ်တာ ဘာညာပြောလာရင် လုံးဝမယုံလိုက်ပါနဲ့။ သူ့ကိုကြိုက်နေတဲ့သူတွေကို ပြန်ကြိုက်လိုက်ပါလို့ အကြံပေးလိုက်ပါ။

MAY THAZINHTOO

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.