သင်ချစ်သူ ( ဒါမှမဟုတ် ) သင့်ခင်ပွန်းက သင့်ကိုချစ်နေသေးလားဆိုတာ သိစေဖို့ ဒီအချက်လေးတွေဖတ်ကြည့်ပေးနော်

သူ ကျွန်မကို ချစ်သေးလား … ? မချစ်တော့ဘူးလား … ?၊ အသစ်တွေ့လို့ အချစ်ကို မေ့နေပြီလား …? ရင်မအေးရတဲ့

ကောင်မလေးတွေ၊ လင်ယောက်ျားအပေါ်မှာ စိုးရိမ်နေရတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေ ပရိသတ်ထဲမှာ ရှိမယ်ထင်ပါတယ်။ အောက်ပါမေးခွန်းလေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ အဖြေရှင်းသွားပါလိမ့်မယ်

 

 

(၁) အလုပ်မှာ ဖိအားတွေနဲ့ရင်ဆိုင်နေရလား … ?

တစ်ခါတလေ တစ်စုံတစ်ယောက်ဟာ အလုပ် (သို့) သူနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ဖိအားတွေ များတဲ့အခါ မဆိုင်တဲ့သူကို

အပြစ်ဖို့ ရန်ရှာတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုး ခဏခဏ သင် ရင်ဆိုင်နေရတယ်ဆိုရင် သင်တို့နှစ်ယောက် ဆက်

ဆံရေးက ပိုဝေးဖို့ရှိနေပါတယ်။

 

(၂) အရင်ကလို အသေးအဖွဲလေးတွေ လုပ်ပေးသေးလား … ?

ချစ်သူဟာ ချစ်သူဘ၀လို လင်ယောက်ျားအဖြစ် ပြောင်းလဲရောက်ရှိခဲ့တယ်ဆိုရင် အရင်ကလို သင့်အပေါ် ဂရုစိုက်မှုလေး

တွေ လျှော့သွားပြီလား … ဆက်ပြီး လုပ်ပေးနေဆဲပဲလား ဆိုတာ … သင့်ကိုယ်တိုင် ခွဲခြား သိပါစေ။

 

(၃) ညဥ့်နက်မှ ပြန်လာသလား …?

ညဥ့်နက်မှ ပြန်လာတိုင်း ဇနီးမယား/ချစ်သူအပေါ်မှာ စိတ်ကုန်တယ်လို့ ယူဆလို့ မရပါဘူး။ ဒါပေမယ့် … အဲဒီလို ညဥ့်

ဆက်များလာပြီဆိုရင်တော့ သင် သတိထားသင့်နေပါပြီ။ အပြင်မှာ အငယ်အနှောင်းများ တွေ့နေသလား … စုံစမ်းသင့်

က စုံစမ်းရမယ့် အချိန်ပါ။

 

(၄) စိတ်ဝင်တစား မေးခွန်းတွေ မေးသလား … ?

ဟိုးအရင်တုန်းကလို … ရုံးကနေ အားရင် အားသလို … မိန်းမ နေကောင်းလား … ကလေးတွေကို ဂရုစိုက်နော် … မီးရေး

ထင်းရေး သတိထား … အပြင်သွားရင် သော့ခတ်ဦး … ရေချိုးပြီး ပန်ကာရှေ့ထိုင်မနေနဲ့ဦး-စသည်ဖြင့် အလ္လာပသလလာ

ပ မေးခွန်းတွေ သင့်ကို မေးနေဆဲ ပြုမူနေဆဲဆိုရင် သင့်အပေါ်မှာ သူ ချစ်နေပါသေးတယ်။

 

(၅) နှစ်ဦးဆိုင်နာမ်ကို သုံးနေဆဲပဲလား … ?

သဒ္ဒါနည်းအရတော့ နှစ်ဦးဆိုင်နာမ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် လင်ရယ်မယားရယ် … ချစ်သူရရည်းစားတို့ဘ၀မှာတော့

“ငါတို့” “တို့တစ်တွေရဲ့” စတဲ့နာမ်စားတွေဟာ နှစ်ဦးဆိုင်နာမ်တွေဖြစ်ပါတယ်။ ဒါလေးတွေ သုံးနေသေးရင် သင့်ကို သူ

ချစ်နေဆဲပါဘဲ။

 

(၆) သူ့မိဘတွေက ထူးဆန်းတဲ့အပြုအမူတွေ လုပ်သလား … ?

သားဖြစ်သူဟာ သင့်အပေါ်စိတ်ကုန်ရင် သူ့မိဘတွေကိုတော့ ပြောပါလိမ့်မယ်။ အဲဒီလိုနဲ့ မိဘတွေဟာ ပြောဖန်များလာ

လေ သင့်ကို စိမ်းကားသလိုလို၊ စကားမပြောချင်သလိုလို၊ မမြင်ချင်ယောင် တမင်ဆော်ငတာတွေမျိုးတွေ ရှိလာရင် သင်

မှာ သူ့အမုန်းရဲ့ သက်ရောက်မှု ခံနေရပြီလို့ မှတ်ယူပါ။

 

(၇) မရိုးသားဘူးလို့ ခံစားရသလား …?

သူ့ကို သင့်စိတ်ထဲမှာ အရင်ကလို မရိုးသားတော့ဘူးလို့ ခံစားနေရပြီလား … ဒါမှမဟုတ် … အဲဒီလို ခံစားရဖို့ သံသယဖြစ်

ဖွယ် အချက်တွေ သင် သိတန်သလောက် သိထားပြီလား။ ဒီလိုအခြေကလည်း သင့်အတွက်တော့ မကောင်းနိုင်ပါဘူး။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.