သင့်ကောင်လေးဟာ သင့်ကို အသည်းခွဲမယ့် သူဆိုတာ သိသာစေတဲ့ အချက်များ

Posted on

လူတစ်ယောက်နဲ့တွဲလိုက်ပြီဆိုတာနဲ့ ဒီတစ်ယောက်နဲ့ ကိုယ့်ရဲ့ချစ်ခရီး လမ်း ရေ ရှည်မှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ကြိုသိနိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါ ဘူး။ဒါပေမယ့် ဒီ Relationship ဟာသင့်အတွက် နာကျင်အသည်း ကွဲခြင်း နဲ့အဆုံးသတ်စေမလားဆိုတာကိုတော့ပြနေတဲ့မီးနီသင်္ကေတတစ်ချို့တော့ရှိပါတယ်။အရူးအမူးဖြစ်နေတဲ့အချိန်မှာဆိုရင်တော့ မြင်နိုင်ဖို့ ခက်ခဲပေမယ့် အချိန်အ နည်းငယ်လောက်ကြာလာရင်တော့ ဒီမီးနီသင်္ကေတတွေကို သင်မြင်နိုင်လာ ပါလိမ့်မယ်။

(၁)ချစ်သူအဖြစ်အသိအမှတ်မပြုတာ

သင့်ကိုသူ့ရဲ့ချစ်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုတာ၊ ထုတ်ဖော်ပြော ဆို တာမျိုးမရှိဘူး မလုပ်ဘူးဆိုရင်တော့ သင်ဟာဘယ်တော့မှ သူ့ရဲ့တကယ့်ချစ်သူ မိန်းကလေးဖြစ်လာမှာမဟုတ်ပါဘူး။

(၂)သင့်မိသားစုနဲ့မတွေ့

သင့်မိသားစုနဲ့သူဘာလို့ လိုက်မတွေ့ရတာလဲ.?အကြောင်းအရင်းကတော့ သင့်မိဘတွေနဲ့တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ပြီး ဒီတော့ မင်းကငါ့သမီးရဲ့ ချစ်သူ လားဆိုတဲ့ စကားမျိုး အခြေအနေမျိုးကို မကြုံချင် မကြားချင်လို့ပါ။သူကိုယ် တိုင် ကလည်း ဒီလိုအခြေအနေမျိုးအထိမရည်ရွယ်ထားသလို သူ့ကိုယ်သူ ဒီလိုရင်းနှီး မှုအတိုင်းအတာမျိုးအထိ ဆွဲမသွင်းချင် ပိတ်မိမနေချင်လို့ပါ။

(၃)အစီအစဉ်ဆွဲတာမျိုးမရှိ

သင်တို့နှစ်ယောက်ဆုံတိုင်းသင်ကသာ အစီအစဉ်ဆွဲသူဖြစ်ပြီး ဥပမာ-ပိတ် ရက်မှာ ဘယ်သွားမယ်၊ဘာလုပ်မယ်ဆိုတာ မျိုးပါ။ဒါ့အပြင် သင်က ပိတ်ရက်မှာ အပြင်သွားကြမယ်လို့ ပြောထားတာတောင်မှ ညနေစောင်းတဲ့အထိ သူ့ဘက်က ဘာလုပ်မယ်။ဘယ်သွားမယ်ဆိုတဲ့ စကားမျိုးလုံးဝထွက်မလာတာမျိုးပါ ။ဘာေ ကြာင့် ဒီလိုတွေဖြစ်ရတာလဲ အဖြေကရှင်းပါတယ်။သင်က သူ့ဘ၀မှာ အလေး ထားရလောက်တဲ့ လူမျိုးမဟုတ်လို့ပါ။

(၄)ရည်းစားဟောင်းတွေနဲ့ခုထိ အဆက်မဖြတ်/ ပတ်သက်နေတာ

သူ့ရဲ့ရည်းစားဟောင်းနဲ့ခုထိ ပတ်သက်နေပြီး စိတ်မပြတ်နိုင်ဖြစ်နေတာ မျိုးပါ။ဒီ လိုအခြေအနေမျိုးဆိုရင်တော့ လက်ရှိသင့်ချစ်သူဟာ တစ်ချိန်က သူ့အ ချစ်ေ ဟာင်းဆီကို အချိန်မရွေး စိတ်လည်ပြီး ပြန်သွားနိုင်ပါတယ်။

 

 

(၅)လက်တွေ့မကျ/မဖြစ်နိုင်တာတွေပြောတာ

သူ့ရဲ့ချစ်သူအဖြစ် အသိအမှတ်ပြု ထုတ်ဖော်ပြောတာမျိုးတော့ မလုပ်ပဲ ၊လက်ရှိ အခြေအနေနဲ့လက်တွေ့ကျနိုင်တဲ့ စကားမျိုးကိုမပြောပဲ ဧပြီလလောက် တည်းက သင်နဲ့ဒီဇင်ဘာခရစ်စမတ်မှာ ဘာတွေလုပ်မယ်ဆိုပြီး ဟိုးအဝေးကြီးကို ကြိုတွေး ကြို ပြောနေတာမျိုးပါ။ဒါဟာ ဆင်ခြေသက်သက်ပေးပြီး သင့်ကိုအယုံသွင်း လှည့် ဖျားနေတာပါ။

 

(၆)ဖုန်းကို ၀ှက်ထားတာ

ဒါကတော့ လုံးဝ သိသာတဲ့ မီးနီ Sign ပါ။သင့်ချစ်သူက သူ့ရဲ့ဖုန်းကို အမြဲတမ်း ၀ှက်ထား၊လျှိုထား ပေးမပြတာမျိုးဆိုရင်တော့ ဒါဟာ တစ်ခုခုပါပဲ။သင်မ သိစေ ချင်တဲ့ သင်မသိအောင် တိတ်တိတ်ကြံနေတဲ့ ၀ှက်ဖဲတစ်ချပ်သူ့မှာရှိနေပါပြီ။

(၇)သူ့အပြစ်ကို ဖုံး သင့်ကိုပဲ အမြဲအပြစ်ဖို့တာ

သူ့ဘက်က မူမမှန်တာတွေကို သင်က သတိထားမိလို့ မေးလိုက်တဲ့ အခါတိုင်း မှာ သူ့ဘက်က တုံ့ပြန်မှုတွေက (မင်းရူးနေလား။ဘာတွေလာပြောနေတာလဲ အစရှိတာမျိုးပါ။)နောက်ဆုံးသူ့ဘက်ကနေသင့်အတွက် အနည်းအကျဉ်းစိတ်ဖြေ သိမ့်နိုင်မယ့် အဖြေမျိုးကတော့ (ကောင်းပြီငါတို့သေချာ စကားပြောရအောင်။ေ ဆွးနွေးရအောင်။မဟုတ်ဘူး။ငါဘာမှမဖြစ်ဘူး။မင်းရော)စတဲ့စကားမျိုးလောက်သာ ထွက်လာတာမျိုးပါ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.