သင့်ကို မေတ္တာရှိနေပေမယ့် ဖွင့်မပြောရဲတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အမူအကျင့်များ

Posted on

ယောက်ျားလေးတစ်ယောက်အတွက် မိန်းကလေးတစ်ယောက်ကို ချစ်တယ်လို့ဖွင့်ပြောဖို့က ထင်တာထက်ပိုခက်ပါတယ်။ တစ်ခါတလေကျရင် ဖွင့်ပြောဖို့ကြောက်လို့ မြိုသိပ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် သူ့အပြုအမူက ဒီလိုလေးတွေ ဖြစ်နေပြီး သင့်ဘက်ကလည်း သဘောကျတဲ့သူဆိုရင်တော့ သင်ကစပြီး ခြေလှမ်းသင့်ရင်လည်းလှမ်းရပါမယ်နော်။

(၁) သင့်အနီးမှာရှိတဲ့အခါရှက်နေမယ်

မိန်းကလေးတွေပဲရှက်တာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေဟာလည်း သူတို့ကြိုက်တဲ့ ကောင်မလေးရှေ့ရောက်ရင် ရှက်တတ်ကြပါတယ်။ သူ့ရဲ့မျက်နှာကလည်း အနည်းငယ်နီနေမယ်၊ သင့်ကိုလည်း တည့်တည့်မကြည့်ရဲဘူး ဆိုရင်တော့ သင့်ကိုကြိတ်ကြွေနေတာ သေချာနေပါပြီ။

 

 

(၂) အရမ်းရယ်နေမယ်

 

သူ့ကိုသင် စကားပြောတဲ့အခါ သာမန်ထက်ပိုပြီး ရယ်နေတယ် ဆိုရင်တော့ သင့်ကိုကြိတ်ကြိုက်နေတာ သေချာသလောက် ရှိနေပါပြီ။ သင့်ကို သူမြင်နေရရင်ကို အလိုလိုပြုံးမိသားဖြစ်နေမှာပါ။ သူအဲလောက်ကြိုက်နေရက်နဲ့ ဘာလို့ဖွင့်မပြောတာလဲလို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ အဓိကကတော့ သင်ပြန်မကြိုက်မှာ စိုးလို့ပါ။

(၃) အမူအရာတွေပျက်နေမယ်

သူ့ရဲ့လက်ချောင်းတွေကို ဆော့နေတာတို့၊ သင့်မျက်လုံးကိုရှောင်ပြီး အခြားနေရာတွေကို လျှောက်ကြည့်နေတာတို့ သူလုပ်ပါလိမ့်မယ်။ အဲလို မတည်မငြိမ်တွေ ဖြစ်နေပြီဆိုရင်တော့ သင်အနားမှာရှိနေတဲ့အတွက် သူအရမ်းရင်ခုန်နေလို့ပါ။ ဒါပေမယ့် သင်မသိချင်ယောင်ဆောင် ပေးလိုက်ပါ။

(၄) ဟာသလိုလိုနဲ့သူ့အချစ်ကိုထုတ်ပြောမယ်

သင့်ကိုကြိုက်တဲ့ အကြောင်းကို ဟာသလိုလို ဘာလိုလိုနဲ့ ပြောပါလိမ့်မယ်။ဒါဟာ သူ့ခံစားချက်တွေကို ထုတ်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်သလို အတည်ပြောဖို့ သူ့ကိုယ်သူ ယုံကြည်မှုမရှိသေးလို့ပါ။ ဟာသဆိုပေမယ့် တစ်ဝက်က အမှန်တွေပါနော်။

(၅) သင့်အတွက်အမြဲတမ်းတံခါးဖွင့်ထားတယ်

သင်စကားသွားပြောတဲ့အခါ၊ အကူအညီတောင်းတဲ့အခါတွေမှာ သူအမြဲ ကူညီပေးပါလိမ့်မယ်။ ဒါဟာ Gentle man တွေရဲ့ စတိုလ်ဖြစ်ပြီး သင့်ကိုသူ ကြိုက်နေကြောင်း သိနိုင်တဲ့ အချက်ပါ။ လူတစ်ယောက်က သင်လိုအပ်တိုင်း အမြဲကူညီတယ်၊ သင့်အတွက်အမြဲရှိနေတယ် ဆိုရင်တော့ သင့်ကိုကြိုက်နေတာ သေချာပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.