သက်ငယ်မုဒိမ်း ဖြစ်ပွားခဲ့တဲ့သမီးလေး Grace ရဲ့ လူတွေကိုကြောက်နေတဲ့ သနားစရာ အဖြစ်ကို ပြောပြလာတဲ့ မေသင်ချိုဆွေ

နိုင်ငံကျော် အဆိုတော် အေသင်ချိုဆွေ ရဲ့ ညီမလေး ဖြစ်တဲ့ အဆိုတော် မေသင်ချိုဆွေ ဟာဆိုရင် ” ဘယ်နှစ်တန်းရောက်ပြီလဲ” ဆိုတဲ့ သီချင်းခွေလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ သူမပြန်လည် သီဆိုတဲ့ သီချင်းလေးတွေထဲက ” သတိရရ မရရ” သီချင်းလေးကတော့ ခုချိန်ထိ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ မေသင်ချိုဆွေက မြောက်ဥက္ကလာမှ သမီးလေး Grace ကို ကိုယ်တိုင်သွားတွေ့ခဲ့တဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

မြောက်ဥက္ကလာ မှာ သက်ငယ်မုဒိမ်း ဖြစ်ပွားခဲ့တဲ့ သမီးလေး Grace ရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။မိဘတွေ ဘုန်းကြီး​ကျောင်းမှာ ​ရေသန့်​ဘူး​ဆေးနေကြတုန်း မုဒိမ်း​ကောင်​ (ကိုရင်​ကြီး) ကဘယ်​အချိန်​တည်းက​ချောင်း​နေတယ်​မသိ။က​လေး​လေးအိပ်နေတာကို ခိုးသွားပြီး ပြစ်မှုကျူးလွန်ခဲ့တာပါ။Grace ​လေးက အ​တော်​အသက်​ပြင်းလို့သာမ​သေခဲ့တာပါ။ မအင်္ဂါ​ရော၊ စအိုပါကွဲသွားတာကြောင့် စိတ်​​ရောကိုယ်​ပါ နာကျင်နေရရှာပါတယ်။အင်္ဂါနှစ်​ခုလုံးကိုချုပ်​ရတော့ အ​ပေါ့အ​လေးကိစ္စအတွက်​ ဗိုက်​မှာအ​ပေါက်​​ဖောက်​ရပါ​တော့မထိုင်​​တောင်​ မထိုင်​နိုင်​​အောင်​နာနေရှာတယ်။

 

 

 

မေသင်ချိုဆွေက သမီးလေး Grace ကို သွားတွေ့ခဲ့တဲ့အကြောင်းကို ခုလိုပြောထားပါတယ်။ ” မနေ့က Grace လေးကိုသွားတွေ့တယ်.. သူလူတွေကိုကြောက်နေတယ်.. မိန်းကလေးတွေပဲလာတာတောင် သူကြောက်နေတာ.. အရုပ်ကလေးပေးတယ်.. မယူရဲဘူး.. ကလေးလေးမှ တကယ်ကလေးသေးသေးလေးပါကွယ်.. သနားလွန်းလို့ ငိုမိတယ်.. သူ့အမေက အဲ့လူအကြောင်းပြောတာနဲ့ သူအမေပေါ်ကိုအတင်းတက်.. မျက်နှာကိုဆွဲ ပါးစပ်လေးကိုလိုက်ပိတ်တာလေး မျက်စိနဲ့တပ်အပ်မြင်ရတော့ တော်တော်ကိုရင်ထဲခံစားရတယ်။

 

 

“သူ့မှာ အကြီးမားဆုံး Trauma ကြီးရသွားပြီ.. ယောကျာ်းတွေဆိုကြောက်နေပြီ.. စကားတောင်မပြောတက်သေးတဲ့ကလေးလေး ကဒီစကားသံတွေကိုမကြားချင်တော့ဘူး.. မျက်ရည်လေးတွေကလဲ အမြဲလိုလိုဝဲနေတာ.. ကိုယ်တွေမှာ အရမ်းကိုဝမ်းလဲနည်း ကျိတ်မနိုင်ခဲမရတွေဖြစ်ခဲ့ရတယ်.. ဒါပေမဲ့ ကိုယ်လုပ်ပေးနိုင်တာအများကြီးမရှိဘူးလေ.. အဲ့တော့ အလှူငွေလေးကောက်ပေး.. ပြီးတော့ အမှုရင်ဆိုင်ရာမှာ ကြီးလေးတဲ့အပြစ်ခံရအောင် ဝိုင်းပြီး ဝန်းရံပေးရုံပဲရှိတော့မယ်… ” ဆိုပြီး ပြောထားပါတယ်။

မေသင်ချိုဆွေ ပြောပြတဲ့ သမီးလေး Grace ရဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ပရိသတ်ကြီးကလည်း သမီးလေး Grace ရဲ့ဘက်က အားပေးရပ်တည်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.