သက်ငယ်မုဒိန်းသမားတွေကို ချီးကျွေးရင်စားမှာလားလို့ မေးခွန်းထုတ်လိုက်တဲ့ ဒေါက်တာမြဝတ်ရည်

လက်ရှိဖြစ်ပျက်နေတဲ့ သက်ငယ်မုဒိန်းကိစ္စရပ်တွေအတွက် ဒေါက်တာမြဝတ်ရည် ကတော့ 8days ရဲ့ အင်တာဗျူးမှာ အခုလိုဖြေဆိုသွားပါတယ်။ အရမ်းနုနယ်လှတဲ့ ၊ အပျိုစင်လို့တောင် ဖြစ်မလာသေးတဲ့ ကလေးငယ် လေးတွေ ကို အခုလိုလုပ်တာဟာ ပန်းကောင်းအညွှန့်ချိုးလုပ်တာ လို့ ဖြေဆိုထားပါတယ်။
အောင်မြင်လာရင် အောက်ဖဲလှန်တတ်တဲ့ မြန်မာနိုင်ငံလိုမျိုးမှာ ဗစ်တိုးရီးယားလေး ဟာ ကျော်ကြားသူတစ်ယောက်ဖြစ်လာခဲ့ရင် နောင်တချိန် သူအရွယ်ရောက်လာတဲ့အခါမှာ အွန်လိုင်းပေါ်မှာကျန်ခဲ့တဲ့ စာတွေ ၊ လှုပ်ရှားမှုတွေကြောင့် ရိုက်ချမှုတွေရှိလာနိုင်တယ် လို့လည်းသုံးသပ်ထားပါတယ်။
ကလေးငယ်တွေက သူတို့ ကိုယ်သူတို့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတယ်လို့တောင် မသိဘူး အဲ့လောက်လူမဆန်တဲ့ သူတွေကို သေဒဏ်ပေး စေချင်တယ် လို့လည်းဆိုထားပါတယ်။

မမမြ က “လူမဆန်တဲ့ ယောက်ျားတွေဟာ ငါမွေးရင် ငါ့သမီးလောက်ရှိတဲ့ ကလေးတွေကို အခုလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မလုပ်သင့်ပါဘူး ဆိုတဲ့ အသိတရားမရှိဘူးလား ၊ ကျမမေးချင်တာက ချီးကျွေးရင်စားမှာလား ၊ ချီးကျွေးတာ မစားသမျှရူးနေတာမဟုတ်ဘူးနော်။ ရူးနေတာမဟုတ်ရင် ကိုယ့်သားသမီး မဟုတ်တောင် နှမချင်း ၊ အမေချင်း ကိုယ်ချင်းစာတတ်တဲ့ အသိရှိရမယ်လို့ဆိုပါတယ်။

အခုလို ကျူးလွန်ကြသူတွေဟာ ဘာသာတရားအဆုံးအမ ၊ စာပေ အဆုံးအမ ၊ ဦနှောက်အဆင့်အတန်း ၊ အသိညာဏ်လွတ်နေတဲ့သူတွေ၊ တိရစ္ဆာန်လောက်တောင်မှ စိတ်ဓာတ်အဆင့်အတန်းမမြင့်မားတဲ့ လူတွေက ဒါတွေကိုလုပ်နေတာပါ။ အလိုလူတွေကို ထိရောက်တဲ့ပြစ်မှု ပြစ်ဒဏ်တွေ ပေးမှ နောက်ပိုင်းမလုပ်ရဲတော့မှာ ဖြစ်ကြောင်းလည်းပြောပြထားပါတယ်။

Source – 8 Days
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.