သက်ငယ်မုဒိန်းမှု တွေကြောင့် ဒုက္ခရောက်ရတဲ့ ကလေးတွေအတွက် ကျော်ထက်အောင်ရဲ့ ကဗျာ

Posted on

 

လတ်တလောမှာ ပြည်သူ့အချစ်တော် အနုပညာရှင်တွေကိုယ်တိုင် ဦးဆောင်ပြီး သက်ငယ်မုဒိန်းကိစ္စတွေ နဲ့ပတ်သက်ပြီး တရားမျှမျှတတ ဆောင်ရွက်ပေးဖို့ အွန်လိုင်းပေါ်မှာ ၊ လူမှုကွန်ရက်တွေပေါ်မှာ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတာ ၊ တောင်းဆိုနေကြတာတွေ ကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတာတွေကိုတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်နေကြသူတွေထဲမှာ ပျိုမေတို့ အသည်းစွဲ ကျော်ထက်အောင်လည်း ပါဝင်လို့ လာခဲ့ပါပြီ ။ ကျော်ထက်အောင် က တော့ သူ့ရဲ့ ကိုယ်ပွားလေးတွေသိဖို့ ခေတ်စနစ်သရုပ် ကို ကဗျာဖွဲ့ပြီး လူမှုကွန်ရက်ကနေ ဖော်ပြခဲ့ပါတယ်။

ကျော်ထက်အောင်က “အစမှမကောင်းခဲ့ကြတာအရိုးလည်းစွဲနေပြီဦးနှောက်တွေလည်းသေးသိမ်နုပ်စဲလေနှစ်ပေါင်းမှမနည်းတော့တာ
ကိုယ်တွေလက်တွေ့သင်ထားတဲ့သင်ညာလုပ်စားတော့ပညာ။မိကောင်းဖကောင်း
ပါတ်ဝန်းကျင်ကောင်း၊ပါရမီကောင်းလို့သာပေါ့။စည်းရယ်စနစ်ရယ် တင်းမယ်ကျပ်မယ်မှမရှိတာ
တရားဥပဒေပေါ်မှာ လူတွေရှိနေတာကိုး။လူပြောင်းတော့ မူပြောင်း
လူကြည့်ပြီး မူလိုက်ပြောင်းရပြန်ဒါမျိုးတွေ ဘယ်နှစ်ပွဲနွှဲကြပြီးပြီလည်းမသိ
တရားပြသူကအစ တစ်ဖတ်ပိတ်မို့ ၊ကိုယ်စိတ်ကသာနုပ်နုပ်စဉ်းချင်ပေမယ့်
ရာသက်ပန်အပိတ်မခံရအောင်၊ကိုယ်ပါးစပ်ကိုယ်ပိတ်နေပါ့မယ်
လောကကြီးကိုပြောင်းလဲဖို့ကြိုးစားရင်….ကိုယ်ဘဲခံသွားရမယ်……..ကိုယ်ဘဲပြောင်းလဲအောင်ကြိုးစားယူရမယ်………တကယ့်အရေး တွေးဆဖို့ အချိန်ပေးကြရအောင်..”ပြုသူအသစ် ဖြစ်သူအဟောင်း” ပေမို့ ကံ ကံ၏အကျိုးခံစားရမယ်.သမီးလေးတို့ ကံကောင်းကြပါစေ..နောက်ထပ် ကလေးတွေ အမျိုးသမီးတွေ ဒီလိုဘေးဆိုးတွေ မကြုံကြပါစေနဲ့ ဗျာ”ဆိုပြီး ဆို့ဆို့နစ်နစ် ရေးသားထားတာကိုတွေ့ရပါတယ်။ သိစေချင်လွန်းလို့ ပရိသတ်တွေလည်း အစ်ကိုအောင် ရဲ့ ခံစားချက်တွေအပေါ် မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ကြပါဦးနော်။

Source – Kyaw Htet Aung
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.