ဝိုင်းစုနဲ့အတူနေဖို့ အိမ်သစ်လေးဆောက်လို့ပြီးတော့မယ်လို့ဆိုတဲ့ အောင်လ

Posted on

အောင်လနဲ့ဝိုင်းစုဟာ ငယ်ချစ်ဟောင်းတွေဖြစ်ပြီး အသက်ကြီးမှ ပြန်ပြီးဖူးစာဆုံကြသူတွေဖြစ်ပါတယ်။ အောင်လနဲ့ဝိုင်းစုက တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြသူတွေဖြစ်သလို အနုပညာတွေလုပ်ရာမှာလည်း စိတ်တူသဘောတူ နှစ်ယောက်သား တက်ညီလက်ညီလုပ်နိုင်ကြသူတွေပါ။ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အသံတွေကိုတောင်မကြားရတော့ပဲ အရမ်းတွေချစ်နေကြတဲ့ အောင်လနဲ့ ဝိုင်းစုက အတူတူနေဖို့အိမ်လေးဆောက်ထားတာ လက်စသတ်နေပြီလို့သိရပါတယ်။ အောင်လက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဝိုင်းစုနဲ့အတူနေဖို့အိမ်လေးအကြောင်းနဲ့နှစ်ယောက်အတူလုပ်နေတဲ့အနုပညာအလုပ်တွေအကြောင်းပြောပြသွားပါတယ်။

အောင်လက အိမ်လေးဆောက်တာပြီးတော့မယ့်အကြောင်း “ပြီးတော့မယ်ဆိုတာ ပိုက်ဆံတော်တော်ကုန်သွားပြီဆိုတဲ့သဘောပါပဲ။ ကိုယ်လုပ်ချင်တာလျှောက်လုပ်၊ပိုက်ဆံမရှိတော့ ပြန်စု၊ပြန်ရှာ၊အဲဒါနဲ့ကြာနေတာ။ တော်တော်လေးကြာနေတာ။ကိုယ်စိတ်ကြိုက်ကိုယ်နေချင်တဲ့အိမ်လေးဆိုတော့လေ။ ကိုယ့်ဟာကိုယ်လျှောက်လုပ်နေတာ။ ကျွန်တော်တို့အတွက်အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ ဘယ်လိုအဓိပ္ပါယ်တွေလဲဆိုတာတော့ မပြောပြတတ်ဘူး။ ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်ရှိပါတယ်။ကျွန်တော်ပြုံးနေတာကိုကြည့်ရင် သိပါတယ်”လို့ ရှက်ကိုးရှက်ကန်းနဲ့ဖြေကြားထားပါတယ်။

အိမ်ထဲမှာနှစ်ယောက်လုံးနဲ့အဆင်ပြေတဲ့ စတူဒီယိုတွေလည်းထည့်ဆောက်ထားတဲ့အကြောင်း “ကျွန်တော်က စတူဒီယိုမရှိလို့မရဘူး။ကျွန်တော့်အတွက်က။ စတူဒီိယိုက နှစ်ခုတောင်ရှိတယ်။ အောက်ထပ်က Jamming လုပ်တဲ့ စတူဒီယိုပေါ့။ အပေါ်ထပ်မှာတော့ တီးပြီးတော့ရေးပြီးတော့လုပ်လို့ရမယ့် စတူဒီယိုသေးသေးလေး။ သူကကျတော့ သူဆိုမယ့်မိုက်တွေသူဆိုမယ့် setting တွေက ရှိလာတော့ စတူဒီယိုက နည်းနည်းလေးပိုကျယ်သွားတာပါ။ ကျန်တာကတော့ အရင်အတိုင်းပါပဲ”လို့ ဖြေထားပြီး အိမ်ပိုမြဲတော့မှာပေါ့လို့ပြောကြတာကို အောင်လက “အခုလည်းမြဲနေတာပါပဲ။ ထွက်ကိုထွက်လို့မရဘူး။ နည်းနည်းလေးပျောက်သွားတာနဲ့ ဘယ်သွားတာလဲဆိုပြီးဖြစ်နေတာ။မျက်စိအောက်ကအပျောက်မခံဘူး”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

ဝိုင်းစုရဲ့အခွေထဲမှာလည်း ကူညီလုပ်ပေးထားတာတွေရှိကြောင်း “မယ်သီတာမှာကတည်းက ကျွန်တော် arrangement လေးတွေလုပ်ပေးထားတာရှိပါတယ်။ ကျန်တာကတော့ သူ့ဟာသူလုပ်တာပါ။ Title သီချင်းကလည်းသူအတင်းရေးခိုင်းတာ။ကျွန်တော်ကပျင်းလို့ Piano တီးနေတဲ့အချိန်မှာ သူ့ဟာသူစာသားဝင်ထည့်တာ။ သူအဲ့လိုခပ်ကြမ်းကြမ်းလေးဆိုချင်တယ်ပေါ့။ အဲဒါနဲ့ရေးပေးရတာအမှတ်တရပါပဲ”လို့ ပြောပြထားပါတယ်။

ဝိုင်းစုရဲ့ နောက်ထွက်မယ့်အခွေထဲက သီချင်းတွေအကြောင်းကို အောင်လက “မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ပေါ့နော်။ ယောက်ျားလေးတစ်ယောက်က အဲဒီထဲမှာ သူ့အသည်းကိုခွဲသွားတယ်။ ခွဲသွားတဲ့ယောက်ျားလေးကိုသူပြန်ခွဲတယ်။ ဒါပါပဲ။ သူကတော့ လျိုထားတာ။ ကျွန်တော်ကပြောပြလိုက်ပြီ။ သူ့အခွေကလည်း ထွက်တော့မှာဆိုတော့ ဆယ်လပိုင်းဆိုတော့ ကပ်နေပြီ။ သူကအရမ်းအမြန်ကြီးသွားတော့ အနောက်ကနေမီအောင်လိုက်လုပ်ပေးရတာပေါ့နော်။ ပြောချင်တာကတော့ သူလိုချင်တာရှိရင်ကိုယ်လုပ်ပေး၊ ကိုယ်လိုအပ်တာရှိရင်လည်းသူလုပ်ပေးပေါ့။အဲ့လိုမျိုးနဲ့သွားနေပါတယ်လို့”ကြည်ကြည်နူးနူးလေးပြောပြထားပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.