ဝမ်းရေးအတွက် လမ်းဘေးမှာ လှုပ်ရှား ရုန်းကန်ေ နရသူတွေကို ကြက် သားဆန်ပြုတ်ေ တွလိုက်လံေ ဝငှပြီး ကုသိုလ်ယူခဲ့တဲ့ ဟိန်းမင်းသူ

Posted on

ပြေပြစ်တဲ့ မျက်နှာအသွင်အပြင်နဲ့ အနောက်တိုင်းဆန်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင် ထားတဲ့ ဟိန်းမင်းသူကို မိန်းကေ လးပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးပြီးသား ဖြစ်ပါတယ်။ ဟိန်းမင်းသူကတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဂီတလောကမှာလည်း နေရာတစ်နေရာရရှိတဲ့အထိ ကြိုးစားခဲ့သူဖြစ်ပြီး လက်ရှိ ထုတ်လွှင့်ပြသေ နတဲ့ “တို့မမ နဲ့တို့” ဇာတ်လမ်းတွဲထဲမှာ သန်ဓနဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ဖြစ်ပေမယ့် အလှူအတန်း၊ ပရဟိတမှာလည်း လက်မနှေးသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဟိန်းမင်းသူက ဝမ်းရေးအတွက် လမ်းဘေးမှာ လှုပ်ရှားရုန်းကန်နေရသူတွေကို ကြက်သားဆန်ပြုတ်တွေလိုက်လံဝေငှပြီး ကုသိုလ်ယူခဲ့တဲ့အကြောင်းကို “Covid ကာလမှာ ကျွန်တော်တတ်နိုင်တဲ့ဘက်က ဒီအပတ်လုပ်ဖြစ်တဲ့အလှူလေးပါ။ ပရိသတ်ကြီးအားလုံးနှင့်အတူ မြန်မာနိုင်ငံကြီးကျန်းမာချမ်းသာပါစေဗျာ 🙏🏻🙏🏻🙏🏻” ဆိုပြီး သူ့ရဲ့အလှူမှတ်တမ်းလေးကို အခုလိုပဲ မျှဝေပေးထားပါတယ်။

ဟိန်းမင်းသူကတော့ ကိုဗစ်ကာလအစစအရာရာ ခက်ခဲနေတဲ့ အချိန်မှာ သူတတ်နိုင်သလောက်လေး ကုသိုလ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပကာသနတွေမပါတဲ့ ဟိန်းမင်းသူရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Hein Min Thu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.