ဝမ္သန္း ၉၀၀၀ ေက်ာ္တန္ဖိုးရွိ ဇိမ္ခံအိမ္တစ္လုံးဝယ္ယူလိုက္တဲ့ မင္းသား Joo Ji Hoon

Posted on

တစ္ခ်ိန္တစ္ခါတုန္းက ကိုရီးယားဒရမ္မာႀကိဳက္ျမန္မာပရိသတ္ေတြရဲ႕အၾကားမွာ “ေ႐ႊမင္းသားေလးရဲ႕ခ်စ္ပုံျပင္”ဆိုတဲ့ဇာတ္လမ္းတြဲနဲ႔ ေအာင္ျမင္လူႀကိဳက္မ်ားခဲ့တဲ့ မင္းသား Jo Ji Hoon ဟာ ဇြန္လ ၃၀ ရက္ေန႔မေန႔တုန္းက ဆိုးလ္ၿမိဳ႕ရွိ ‘Nine One Hannam’ ဆိုတဲ့အိမ္ရာမွာ ခန႔္မွန္းေခ် ဝမ္ သန္း ၉၀၀၀ ေက်ာ္ (ကန္ေဒၚလာ ၇ သန္းခြဲ) တန္ဖိုးရွိတဲ့ ဇိမ္ခံတိုက္ခန္းတစ္ခန္းကို ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ‘Nine One Hannam’ မွာ အခန္းတစ္ခန္းရဲ႕တန္ဖိုးဟာဆိုရင္ အနည္းဆုံး ဝမ္သန္း ၄၅၀၀ ရွိၿပီး က်န္းမာေရးစင္တာ၊ ေရကူးကန္၊ ဘတ္စကတ္ေဘာကစားကြင္း၊ ဧည့္ခန္းေဆာင္နဲ႔ အစရွိတာေတြပါဝင္ၿပီး အိမ္ရာမွာေနထိုင္ၾကသူေတြရဲ႕ အေရးကိစၥေတြနဲ႔ပတ္သတ္ၿပီးေတာ့လည္း တင္းၾကပ္တဲ့လုံၿခဳံေရးစနစ္ရွိတယ္လို႔ ဆိုပါတယ္။

Joo Ji Hoon ဟာ Princess Hours (ေ႐ႊမင္းသားေလးရဲ႕ခ်စ္ပုံျပင္) ဇာတ္လမ္းတြဲနဲ႔ လူအမ်ားရဲ႕အသိအမွတ္ျပဳမႈေတြရခဲ့ၿပီးခ်ိန္မွာေတာ့ ႐ိုက္ကူးေရးေတြေခတၱခဏရပ္နားခဲ့ကာ အဲဒီေနာက္ Along with the Gods: The Two Worlds, Along with the Gods: 49 Days, Kingdom အစရွိတဲ့ဇာတ္ကားေတြနဲ႔ တစ္ေက်ာ့ျပန္ေအာင္ျမင္လာခဲ့သူျဖစ္ပါတယ္။

Ref : KStarLive

Unicode

တစ်ချိန်တစ်ခါတုန်းက ကိုရီးယားဒရမ်မာကြိုက်မြန်မာပရိသတ်တွေရဲ့အကြားမှာ “ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်”ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ အောင်မြင်လူကြိုက်များခဲ့တဲ့ မင်းသား Jo Ji Hoon ဟာ ဇွန်လ ၃၀ ရက်နေ့မနေ့တုန်းက ဆိုးလ်မြို့ရှိ ‘Nine One Hannam’ ဆိုတဲ့အိမ်ရာမှာ ခန့်မှန်းချေ ဝမ် သန်း ၉၀၀၀ ကျော် (ကန်ဒေါ်လာ ၇ သန်းခွဲ) တန်ဖိုးရှိတဲ့ ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ‘Nine One Hannam’ မှာ အခန်းတစ်ခန်းရဲ့တန်ဖိုးဟာဆိုရင် အနည်းဆုံး ဝမ်သန်း ၄၅၀၀ ရှိပြီး ကျန်းမာရေးစင်တာ၊ ရေကူးကန်၊ ဘတ်စကတ်ဘောကစားကွင်း၊ ဧည့်ခန်းဆောင်နဲ့ အစရှိတာတွေပါဝင်ပြီး အိမ်ရာမှာနေထိုင်ကြသူတွေရဲ့ အရေးကိစ္စတွေနဲ့ပတ်သတ်ပြီးတော့လည်း တင်းကြပ်တဲ့လုံခြုံရေးစနစ်ရှိတယ်လို့ ဆိုပါတယ်။

Joo Ji Hoon ဟာ Princess Hours (ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်) ဇာတ်လမ်းတွဲနဲ့ လူအများရဲ့အသိအမှတ်ပြုမှုတွေရခဲ့ပြီးချိန်မှာတော့ ရိုက်ကူးရေးတွေခေတ္တခဏရပ်နားခဲ့ကာ အဲဒီနောက် Along with the Gods: The Two Worlds, Along with the Gods: 49 Days, Kingdom အစရှိတဲ့ဇာတ်ကားတွေနဲ့ တစ်ကျော့ပြန်အောင်မြင်လာခဲ့သူဖြစ်ပါတယ်။

Ref : KStarLive

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.