ဝင္ေငြေကာင္းတဲ့ ခင္ပြန္းကို ပိုင္ဆိုင္ထားေပမယ့္ စိန္ေတြေရႊေတြဝယ္ေပးပါဆိုတာထက္ အလွဴေလးေတြလုပ္ဖို့ပဲ ပူဆာတတ္ေၾကာင္းေျပာလာတဲ့ ပိုးအိအိခန့္

Posted on

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ပိုးအိအိခန့်နဲ့ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ဘောလုံးသမား အောင်သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေအကြားမှာ ကြည်နူးရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ကျင်လည်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့က အွန်လိုင်းမှာ ဆုံတွေ့ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ခဲ့ကာ (၂၀၁၉) ခုနှစ် မတ်လအတွင်းမှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်သူကလည်း လစာကောင်းတဲ့ ဘောလုံးသမားဖြစ်သလို ပိုးအိအိခန့်ကလည်း အနုပညာအရရော စီးပွားရေးအရပါ အဆင်ပြေတာမို့ သူတို့နှစ်ယောက်ရဲ့ မိသားစုလေးက လိုလေသေးမရှိ ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံး ဝင်ငွေကောင်းကြပေမယ့် ပကာသနဆိုတာထက် ကုသိုလ်ရေးကိုသာ ပိုမိုအာရုံစိုက်ဖြစ်တဲ့ ပိုးအိအိခန့်က ဝင်ငွေကောင်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပေမယ့် စိန်တွေရွှေတွေဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်ဖို့ပဲ ဆန္ဒရှိတဲ့အကြောင်းကို “အလှူတစ်ခု ပြီးမြောက်တိုင်းမှာ ကျေးဇူးတင်မိတာက ဒီကမ္ဘာလောကကြီးအပေါ်မှာ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင်ရယ် လူဖြစ်သည့်အလျောက် သူတစ်ပါးဆီက ရယူလိုစိတ်ထက် သူတစ်ပါးအပေါ် ပေးချင်ကမ်းချင်စိတ်မျိုး ရှိအောင်ပဲ သွင်သင်ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပထမဦးဆုံးကျေးဇူးတင်မိတယ်။ ဒုတိယကျေးဇူးတင်မိတာကတော့ ခင်ပွန်း ကိုပါ။ ကိုယ်က ဘယ်လောက်ပဲ လှူချင်ချင် အနောက်ကနေ မပံ့ပိုးပေးဘူး ဖြစ်ချင်တာကို လိုက်မလုပ်ပေးဘူးဆိုရင်လည်း စိတ်သွားတိုင်းကိုယ်မပါနိုင်ပါဘူး”

“ကျွန်မလည်း ယောကျာ်းကို ပူဆာတိုင်း စိန်တွေရွှေတွေ ဝယ်ပေးပါ ဆိုတာထက် ဟိုဟာလေးလှူချင်တယ် ဒီမှာလည်းလှူလိုက်မယ်နော်ဆိုတာမျိုးက ပိုများပါတယ်။ အဲ့လို လှူချင်တိုင်း သဒ္ဒါစိတ်ဖြစ်တိုင်းမှာ ဖောင်းသဘော ၊ ဖောင်းလှူလေ ဆိုတာပဲ ပြောခဲ့တဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်မိတယ်။ အလှူတွေ လှူပြီးတိုင်း ရင်ထဲမှာ ဆုတောင်းမိတာက အမြဲ ဒီလို လှူနိုင် တန်းနိုင် ပေးနိုင် ကမ်းနိုင်တဲ့ သူမျိုးပဲဖြစ်ပါရစေ ဆိုတဲ့ ဆုတောင်းလေးပဲ ထပ်တောင်းမိတယ် 🥰🥰🥰🥰 ကျွန်မ သူဋ္ဌေးကြီး မဟုတ်ပါဘူး။ ချမ်းလည်းမချမ်းသာဘူး။ ဒါပေမယ့် ရှိသလောက်ကို လှူချင်နေတဲ့စေတနာလေးတော့ ချမ်းသာတယ်☺️☺️☺️☺️” ဆိုပြီး သူမရဲ့ ပီတိလေးကို ပြောပြလာပါတယ်။

ပိုးအိအိခန့်ကတော့ သူမကို လိုလေသေးမရှိ ပြီးပြည့်စုံအောင်ထားတဲ့ မိဘနှစ်ပါးနဲ့ ဖြစ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းကြောင့် လက်ရှိဘဝလေးကို ကျေနပ်နေရတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်တစ်ယောက် ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ပြည့်ဝပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Ei Ei Khant’s fb

zawgyi

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ မင္းသမီးေလး ပိုးအိအိခန႔္နဲ႔ ႏိုင္ငံ့ဂုဏ္ေဆာင္ လက္ေ႐ြးစင္ ေဘာလုံးသမား ေအာင္သူတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးကေတာ့ ပရိသတ္ေတြအၾကားမွာ ၾကည္ႏူးရာ ဇာတ္လမ္းေလးတစ္ပုဒ္ပါပဲ။ က်င္လည္ရာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနၾကတဲ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္တို႔က အြန္လိုင္းမွာ ဆုံေတြ႕ၿပီးတဲ့ေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ႀကိဳက္ခဲ့ကာ (၂၀၁၉) ခုႏွစ္ မတ္လအတြင္းမွာ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္သူကလည္း လစာေကာင္းတဲ့ ေဘာလုံးသမားျဖစ္သလို ပိုးအိအိခန႔္ကလည္း အႏုပညာအရေရာ စီးပြားေရးအရပါ အဆင္ေျပတာမို႔ သူတို႔ႏွစ္ေယာက္ရဲ႕ မိသားစုေလးက လိုေလေသးမရွိ ျပည့္စုံတယ္လို႔ ဆိုႏိုင္ပါတယ္။

ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံး ဝင္ေငြေကာင္းၾကေပမယ့္ ပကာသနဆိုတာထက္ ကုသိုလ္ေရးကိုသာ ပိုမိုအာ႐ုံစိုက္ျဖစ္တဲ့ ပိုးအိအိခန႔္က ဝင္ေငြေကာင္းတဲ့ ခင္ပြန္းကို ပိုင္ဆိုင္ထားေပမယ့္ စိန္ေတြေ႐ႊေတြဝယ္ေပးပါဆိုတာထက္ အလႉေလးေတြလုပ္ဖို႔ပဲ ဆႏၵရွိတဲ့အေၾကာင္းကို “အလႉတစ္ခု ၿပီးေျမာက္တိုင္းမွာ ေက်းဇူးတင္မိတာက ဒီကမာၻေလာကႀကီးအေပၚမွာ လူတစ္လုံး သူတစ္လုံးျဖစ္လာေအာင္ရယ္ လူျဖစ္သည့္အေလ်ာက္ သူတစ္ပါးဆီက ရယူလိုစိတ္ထက္ သူတစ္ပါးအေပၚ ေပးခ်င္ကမ္းခ်င္စိတ္မ်ိဳး ရွိေအာင္ပဲ သြင္သင္ဆုံးမ ပဲ့ျပင္ေပးခဲ့တဲ့ မိဘႏွစ္ပါးကို ပထမဦးဆုံးေက်းဇူးတင္မိတယ္။ ဒုတိယေက်းဇူးတင္မိတာကေတာ့ ခင္ပြန္း ကိုပါ။ ကိုယ္က ဘယ္ေလာက္ပဲ လႉခ်င္ခ်င္ အေနာက္ကေန မပံ့ပိုးေပးဘူး ျဖစ္ခ်င္တာကို လိုက္မလုပ္ေပးဘူးဆိုရင္လည္း စိတ္သြားတိုင္းကိုယ္မပါႏိုင္ပါဘူး”

“ကြၽန္မလည္း ေယာက်ာ္းကို ပူဆာတိုင္း စိန္ေတြေ႐ႊေတြ ဝယ္ေပးပါ ဆိုတာထက္ ဟိုဟာေလးလႉခ်င္တယ္ ဒီမွာလည္းလႉလိုက္မယ္ေနာ္ဆိုတာမ်ိဳးက ပိုမ်ားပါတယ္။ အဲ့လို လႉခ်င္တိုင္း သဒၵါစိတ္ျဖစ္တိုင္းမွာ ေဖာင္းသေဘာ ၊ ေဖာင္းလႉေလ ဆိုတာပဲ ေျပာခဲ့တဲ့ ခင္ပြန္းကိုလည္း ေက်းဇူးတင္မိတယ္။ အလႉေတြ လႉၿပီးတိုင္း ရင္ထဲမွာ ဆုေတာင္းမိတာက အၿမဲ ဒီလို လႉႏိုင္ တန္းႏိုင္ ေပးႏိုင္ ကမ္းႏိုင္တဲ့ သူမ်ိဳးပဲျဖစ္ပါရေစ ဆိုတဲ့ ဆုေတာင္းေလးပဲ ထပ္ေတာင္းမိတယ္ 🥰🥰🥰🥰 ကြၽန္မ သူေ႒းႀကီး မဟုတ္ပါဘူး။ ခ်မ္းလည္းမခ်မ္းသာဘူး။ ဒါေပမယ့္ ရွိသေလာက္ကို လႉခ်င္ေနတဲ့ေစတနာေလးေတာ့ ခ်မ္းသာတယ္☺️☺️☺️☺️” ဆိုၿပီး သူမရဲ႕ ပီတိေလးကို ေျပာျပလာပါတယ္။

ပိုးအိအိခန႔္ကေတာ့ သူမကို လိုေလေသးမရွိ ၿပီးျပည့္စုံေအာင္ထားတဲ့ မိဘႏွစ္ပါးနဲ႔ ျဖစ္ခ်င္တာမွန္သမွ်ကို ျဖည့္ဆည္းေပးတတ္တဲ့ ခင္ပြန္းေၾကာင့္ လက္ရွိဘဝေလးကို ေက်နပ္ေနရတာပဲ ျဖစ္ပါတယ္။ ပိုးအိအိခန႔္တစ္ေယာက္ ျဖစ္ခ်င္တဲ့ ဆႏၵေလးေတြ ျပည့္ဝၿပီး ဒီထက္မက လႉႏိုင္တန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Poe Ei Ei Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.