လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဆွေးနွေးနေတဲ့ Song Joong Ki

Posted on

ဇနီးဖြစ်သူ Song Hye Kyo နဲ့ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းထွက်ပြီးကတည်းက Song Joong Ki ဟာ သူ့အနေနဲ့ ပွဲအခမ်းအနားတက်ရောက်တာမျိုးတွေကို ခေတ္တရပ်နားမယ်လို့ ကြေညာထားခဲ့ပေမယ့်လည်း သူ ရိုက်ကူးစရာရှိတဲ့ ဇာတ်ကားတွေကိုတော့ ပုံမှန်အတိုင်းပဲ ရိုက်ကူးသွားမှာဖြစ်တယ်လို့ ကြေညာထားတဲ့သူပါ။

 

 

လတ်တလောမှာဆိုရင် Song Joong Ki ဟာ သူ့ရဲ့ သိပ္ပံဇာတ်ကားဖြစ်တဲ့ ‘Victory’ ကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Song Joong Ki တစ်ယောက် ဒီဇာတ်ကားရိုက်ကူးပြီးရင် ရိုက်ကူးရေးတွေနားမယ်လို့ ထင်ထားခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ပရိသတ်တွေ ထင်ထားသလိုမဟုတ်ခဲ့ပါဘူး။

 

 

အခုထွက်ရှိလာတဲ့သတင်းတွေအရကတော့ Song Joong Ki က လောလောဆယ်မှာ နောက်ထပ်လာပြီးကမ်းလှမ်းထားတဲ့ ဇာတ်ကားတစ်ကားမှာပါဝင်သရုပ်ဆောင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

 

 

ဇာတ်ကားနာမည်ကတော့ ‘Bogota’ လို့ ယာယီအမည်ပေးထားပြီး Song Joong Ki ဟာ သူ့အနေနဲ့ ပါဝင်သရုပ်ဆောင်ဖို့အတွက်ကို သေချာဆွေးနွေးနေတယ်လို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Blossom Entertainment က ထုတ်ပြန်အသိပေးထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ လျှို့ဝှက်သည်းဖိုပုံစံမျိုးဖြစ်တာမို့လို့ တကယ်လို့များ Song Joong Ki အနေနဲ့ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ Song Joong Ki ကို တစ်ခါမှမမြင်ဖူးတဲ့ ဇာတ်ကောင်အသစ်နဲ့ မြင်တွေ့ရမယ့် အခွင့်အရေးပါပဲ။

 

 

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ဟာ အိမ်ထောင်သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာ လမ်းခွဲလိုက်ကြတာဖြစ်ပြီး တရားဝင်ကွာရှင်းမှုကိုတော့ ဒီလအကုန်လောက်မှာ အပြီးသတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

 

လေးစားစွာဖြင့် ခရစ်ဒက် — မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.