လွန်ခဲ့တဲ့ နှစ် (၂၀)ကျော် အနုပညာလောကထဲစတင်ဝင်ရောက်ခဲ့ချိန်က ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ နေတိုး

ယနေ့အချိန်ထိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်လေးကို ညွှန်ပြပါဆိုရင် နေတိုးကတော့ ထိပ်ဆုံးကနေ ပါဝင်နေတာ အသေအချာပါပဲ။ သရုပ်ဆောင် နေတိုးဟာ အနုပညာလောကထဲကို ရောက်ရှိ ကျင်လည်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့စန်းအားတွေကတော့ ကြာလေကြာလေ၊ ပိုမိုကောင်းမွန်လာလေဆိုတာကို သတိထားမိကြမှာပါ။

ပြည်သူချစ်တဲ့ ရခိုင်တိုင်းရင်းသားအနုပညာရှင်လေးတစ်ဦးဖြစ်ပြီးတော့ ထိပ်တန်း မင်းသားတစ်လက်ထဲမှာ နေရာတစ်ခု ဝင်ယူထားနိုင်ခဲ့သူပါ။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ နေတိုးက လူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို ဖက်တွယ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ ရသပြောင်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း နေတိုးဆိုတဲ့ နာမည်တစ်လုံးကို ပိုမိုမြင့်တက်စေခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီ နေတိုးဟာ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာ နှစ် (၂၀) ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်ရင်း ပရိသတ်တွေကို ငိုတလှည့် ရယ်တလှည့်နဲ့ အမျိုးမျိုးအဖုံဖုံသော ရသတွေပေးစွမ်းနိုင်ခဲ့တဲ့ မင်းသားတစ်လက်ပါ။ အနုပညာလောကထဲ စတင်ဝင်ရောက်လာချိန်မှာလည်း ဖြူဖြူချောချောလေးဖြစ်တဲ့ သရုပ်ဆောင် နေတိုးဟာ မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။

ယနေ့မှာတော့ နေတိုးက လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အချိန်က အနုပညာလောကထဲဝင်ရောက်လာခဲ့တုန်းက ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

“နှစ်၂၀ဆယ်ကျော်ခဲ့ပါပြီ လူတွေဟာအိုဟောင်းသွားပေမဲ့ ရင်ထဲကမေတ္တာတရားတွေကတော့အမြဲ နုပျိုနေဆဲပါ …နေတိုး” လို့ သူ့ရင်ထဲက မေတ္တာတရားတွေကိုပါ ပရိသတ်တွေ သိအောင် ဖော်ပြခဲ့ပါတယ်။

နေတိုးရဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) ကပုံရိပ်လေးတွေကိုကြည့်ပြီး ဘာတွေပြောင်းလဲသွားလဲဆိုတာကို ပရိသတ်ကြီးက တွေ့ရင် ပြောပြခဲ့ပါဦးနော်။

Source : We Love Cele

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.