လွန်ခဲ့တဲ့ (၃)နှစ်က တွေ့မိခဲ့တဲ့ သူနဲ့ဘဝတူ ကလေးလေးကို ကူညီပေးဖို့ လိုက်ရှာနေတယ်ဆိုတဲ့ ယုန်လေး

Posted on

အဆိုတော်နဲ့ သရုပ်ဆောင် ယုန်လေးကတော့ စိတ်ထားကောင်းပြီး သူတစ်ပါးရဲ့အပူတွေကို မျှဝေခံစားပေးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက ဘာအဖွဲ့အစည်းမှ မတည်ထောင်ထားပေမယ့်လည်း ချို့တဲ့သူတွေနဲ့ အဆင်မပြေဖြစ်နေတဲ့သူတွေကိုမြင်ရင် သူတတ်နိုင်သလောက်လေး ထောက်ပံ့ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယုန်လေးက လွန်ခဲ့တဲ့ (၃)နှစ်က တွေ့မိခဲ့တဲ့ သူနဲ့ဘဝတူ ကလေးလေးကို ကူညီပေးဖို့ လိုက်ရှာနေတဲ့အကြောင်းလေးကို အခုလိုပဲပြောလာပါတယ်။

“ဒီ ကလေးလေးကို မှတ်မိကြသေးလား။ ဒါမှ မဟုတ် အခုဘယ်မှာလဲ သိတဲ့သူများရှိမလား ခင်ဗျာ။ လွန်ခဲ့တဲ့ ၃နှစ် လောက်ကတွေ့မိတာပါ။ အဲ့အချိန်တုန်းက ကျွန်တော်လည်း ဘာမှကူနိုင်ခဲ့ပါဘူး။ အခု ဘယ်မှာရှိလဲသိရင် ပြောပေးပါ။ ကျွန်တော်တို့လို ဘဝတူ ညီလေးမို့လို့ပါ တက်နိုင်သလောက်ကူညီပြီး စိတ်ဓာတ် ခွန်အားပေးချင်ပါတယ်။ အဲ့မိဘမဲ့ ကျောင်းလေးမှာပဲလား မသိဘူး။ သိတဲ့ လူများပြောပေးပါနော်။” ဆိုပြီး ကလေးငယ်ရဲ့ ဓာတ်ပုံနဲ့တကွ သူ့ရဲ့ ဖေစ့်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

ယုန်လေးကတော့ သူကိုယ်တိုင်လည်း မပြည့်စုံတဲ့ဘဝမှာ ကြီးပြင်းခဲ့ရသူမို့ သူနဲ့ဘဝတူတွေကိုမြင်ရင် ကူညီပေးချင်စိတ် အပြည့်ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးတစ်ယောက် ရှာနေတဲ့ ကလေးလေးနဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yone Lay’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.