တစ်ချိန်က ပရိသတ်တွေကို ရယ်စရာ ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့ကြတဲ့ လူရွှင်တော် ငြိမ်းချမ်း၊ ရှဲဒိုး၊ ဝိုင်းချစ်၊ ကောင်းကျော်နဲ့ ထက်ထက်တို့ ပါဝင်တဲ့ ရွှေညီကို အဖွဲ့ကို ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။ ရှဲဒိုးကတော့ ကွယ်လွန်သွားခဲ့ပြီဆိုပေမယ့် ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ကောင်းကျော်နဲ့ထက်ထက်တို့ကတော့ ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ ကျင်လည်နေကြဆဲ ဖြစ်ပါတယ်။ အရင်လို အငြိမ့်တွေမကဖြစ်တဲ့အချိန်မှာလည်း လူရွှင်တော်ကြီးတွေက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင်တွေအဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေကို တတ်စွမ်းသလောက် ဖျော်ဖြေနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ လူရွှင်တော်ကြီး ငြိမ်းချမ်းက မထင်မှတ်ပဲ မျက်နှာလေတစ်ခြမ်းဖြတ်သွားခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။ ငြိမ်းချမ်းက “လပြည့်နေ့က ရွှေတိဂုံဘုရားသွား ကောင်းမှုကိုသိုလ်လုပ်ပြီးပြန်လာမှ မထင်မှတ်ဘဲ မျက်နှာတခြမ်းလေဖြန်းသွားတယ်။ ညာဘက်မျက်လုံးနဲ့ပါးတခြမ်းထိသွားတယ်” ဆိုပြီး သူ့ရဲ့စိတ်မကောင်းစရာ သတင်းအကြောင်းကို ပြောပြလာပါတယ်။
ဦးငြိမ်းချမ်းကတော့ ကုသိုလ်သွားလုပ်ရာမှ စိတ်မကောင်းစွာနဲ့ မျက်နှာတစ်ခြမ်း လေဖြတ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဦးငြိမ်းချမ်းကြီးတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Nyein Chan’s fb
zawgyi
တစ္ခ်ိန္က ပရိသတ္ေတြကို ရယ္စရာ ဟာဒယရႊင္ေဆးတိုက္ေကြ်းခဲ့ၾကတဲ့ လူရႊင္ေတာ္ ျငိမ္းခ်မ္း၊ ရွဲဒိုး၊ ဝုိင္းခ်စ္၊ ေကာင္းေက်ာ္နဲ့ ထက္ထက္တို့ ပါဝင္တဲ့ ေရႊညီကို အဖြဲ့ကို ပရိသတ္ၾကီး မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ရွဲဒိုးကေတာ့ ကြယ္လြန္သြားခဲ့ျပီဆုိေပမယ့္ ျငိမ္းခ်မ္း၊ ဝိုင္းခ်စ္၊ ေကာင္းေက်ာ္နဲ့ထက္ထက္တို့ကေတာ့ ဒီေန့ဒီအခ်ိန္ထိ အနုပညာေလာကမွာ က်င္လည္ေနၾကဆဲ ျဖစ္ပါတယ္။ အရင္လို အျငိမ့္ေတြမကျဖစ္တဲ့အခ်ိန္မွာလည္း လူရႊင္ေတာ္ၾကီးေတြက ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ ဟာသသရုပ္ေဆာင္ေတြအျဖစ္ သရုပ္ေဆာင္ရင္း ပရိသတ္ေတြကို တတ္စြမ္းသေလာက္ ေဖ်ာ္ေျဖေနဆဲ ျဖစ္ပါတယ္။
ဒီကေန့မွာေတာ့ လူရႊင္ေတာ္ၾကီး ျငိမ္းခ်မ္းက မထင္မွတ္ပဲ မ်က္နွာေလတစ္ျခမ္းျဖတ္သြားခဲ့ရတဲ့အေၾကာင္းကို စိတ္မေကာင္းစြာနဲ့ ေျပာလာပါတယ္။ ျငိမ္းခ်မ္းက “လျပည္႔ေန႔က ေရႊတိဂံုဘုရားသြား ေကာင္းမႈကိုသိုလ္လုပ္ျပီးျပန္လာမွ မထင္မွတ္ဘဲ မ်က္ႏွာတျခမ္းေလျဖန္းသြားတယ္။ ညာဘက္မ်က္လုံးနဲ႔ပါးတျခမ္းထိသြားတယ္” ဆိုျပီး သူ့ရဲ ့စိတ္မေကာင္းစရာ သတင္းအေၾကာင္းကို ေျပာျပလာပါတယ္။
ဦးျငိမ္းခ်မ္းကေတာ့ ကုသိုလ္သြားလုပ္ရာမွ စိတ္မေကာင္းစြာနဲ့ မ်က္နွာတစ္ျခမ္း ေလျဖတ္သြားခဲ့ရတာပဲ ျဖစ္ပါတယ္။ ဦးျငိမ္းခ်မ္းၾကီးတစ္ေယာက္ အျမန္ဆံုးေနေကာင္းက်န္းမာလာေစဖို့ ပရိသတ္ၾကီးက ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Nyein Chan’s fb