နိုင်ငံကျော် အကယ်ဒမီများရှင် မို့မို့မြင့်အေ ာင်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါ တစ်သားတည်းကျအောင် သရုပ်ဆောင်နိုင်သူမို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ လေးစားရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးက ဘဝတစ်ပါးသို့ကူးပြေ ာင်းကွယ်လွန်သွားခဲ့ပြီး မို့မို့မြင့်အောင်အနေနဲ့လည်း မိခင်ကြီးအတွက် ကြေကွဲစွာခံစားနေရကြောင်း ပြောလာပါတယ်။
“မို့ ကြေကွဲစွာခံစားနေ ရပါတယ် မို့ မိခင်ကြီး ၊အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လည် ၁:၀၅ မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည် ပါတယ် ၊ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံး ခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ် Covid နှင့် Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေးနိူင်တာ ခွင့်လွှတ်ပါ။’ ဆိုပြီး မို့မို့မြင့်အောင်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။
မို့မို့မြင့်အောင်က တော့ နှစ်ပေါင်း (၆၀) တိုင် အတူတူ နေထိုင်လာခဲ့တဲ့ မိခင်ကြီး ကွယ်လွန်သွားခဲ့တဲ့အတွက် ယူကြုံးမရဖြစ်ကာ ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မို့မို့မြင့်အောင်ရဲ့ မိခင်ကြီး ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Academy Moht Moht Myint Aung’s fb
zawgyi