လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးရဲ့အိမ်အထိ အလှူငွေ သွားရောက်ပေးအပ်ခဲ့တဲ့ ကိုလူချောတို့အဖွဲ့

မြန်မာ့ဗီဒီယိုလောကရဲ့ လူကြမ်းသရုပ်ဆောင်များထဲက ဦးဇော်ကြီး ဆိုရင် ကလေးကအစ လူကြီးအဆုံး သိကြပါတယ်။အခုဆိုရင် လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ လူကြမ်းသရုပ်ဆောင် ဇော်ကြီး ရဲ့ အင်တင်ဗျူးကို ကြည့်ပြီးကြပြီ ထင်ပါတယ်။ လူကြမ်းသရုပ်ဆောင် ဇော်ကြီးက သူ့ရဲ့ မိသားစုလေးနဲ့ နေထိုင်နေတဲ့ ကျူးကျော်အိမ်လေးကို ဖျက်ပေးရတော့မှာမို့ ဒုက္ခရောက်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ သရုပ်ဆောင် ဦးဇော်ကြီးရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြလိုက်တဲ့အခါ ကြည့်ရှုသူ ပရိတ်သတ်များလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

ယနေ့မှာတော့ သရုပ်ဆောင် ဦးအောင်ခိုင် ဦးဆောင်တဲ့ ကိုလူချော အဖွဲ့က ဦးဇော်ကြီး နေအိမ်အထိ အလှူငွေ သွားရောက် လူဒါန်းတဲ့အကြောင်း ၀မ်းသာကြည်နူးဖွယ် ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source – shweyoemm

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.