လူအမ်ားစု ထပ္ျပီး ခ်စ္မိဖို႔ ေၾကာက္သြားရတဲ့ အေၾကာင္းအရင္း မ်ား

အခ်စ္ဆိုတဲ့ အရာက ဘဝတစ္ခ်ိဳးတစ္ေကြ႕မွာ လူတိုင္း ၾကံဳရမယ့္ ခံစားခ်က္ေလးပါ။ အခ်စ္ေၾကာင့္ ေပ်ာ္ရႊင္ရတယ္။ နာက်င္ရတယ္။ အသည္းေတြကြဲရတယ္။ ဘဝမွာ မရဖူးတဲ့ ခံစားခ်က္မ်ိဳးေတြၾကံဳရတယ္။ တခ်ဳိ႕လူေတြကေတာ့ ခ်စ္မိဖို႔ မေၾကာက္ေပမယ့္ လူအခ်ိဳ႕ကေတာ့ ခ်စ္မိသြားဖို႔ကို အရမ္းေၾကာက္ၾကပါတယ္။ အဲ့လိုေၾကာက္တဲ့သူေတြက မ်ားေသာအားျဖင့္ အတိတ္က သူတို႔အခ်စ္ေရးဟာ အဖုအထစ္ေတြနဲ႔ အဆင္မေျပခဲ့လို႔ပါ။ ဒီေတာ့ ဘယ္လိုအေၾကာင္းေတြေၾကာင့္ ခ်စ္မိဖို႔ ေၾကာက္သြားၾကတာလဲ ေဖာ္ထုတ္လိုက္ရေအာင္ေနာ္…

၁။ အခ်စ္ဟာ ညီမွ်မႈမရွိဘူး

သင္ခ်စ္သေလာက္ သူတို႔ဘက္က ညီမွ်တဲ့ အခ်စ္မ်ိဳး ရဖို႔ဆိုတာ မလြယ္တဲ့ကိစၥပါ။ မ်ားေသာအားျဖင့္ ကိုယ္က စိတ္ႏွစ္ၿပီး ခ်စ္မိရင္ ထားသြားတဲ့လူက မ်ားတာပဲေလ။

၂။ ခ်စ္မိရင္ နာက်င္ရတဲ့ခံစားခ်က္ကို မခံစားႏိုင္တာ

ဒီလိုမခံစားႏိုင္တာကိုေတာ့ ႏွလံုးသားတစ္ခုလံုးန႔ဲ ခ်စ္တတ္တဲ့သူေတြ သိမွာပါ။ အရမ္းခ်စ္ေတာ့ ခ်စ္တဲ့သူကို လက္လႊတ္ရမွာ ေၾကာက္ပါတယ္။ ဒီေတာ့ အဲ့ခံစားခ်က္မ်ိဳး ခံစားမယ့္အစား မခ်စ္မိဖို႔ ႀကိဳးစားတာကပဲ ပိုေကာင္းပါတယ္။

၃။ ခ်စ္မိရင္ ခံစားခ်က္အကုန္ရႏိုင္ပါတယ္

တကယ္ခ်စ္မိသြားရင္ ကိုယ့္မွာ ရွိသမွ်ကို စြန္႔လြတ္ရတတ္ပါတယ္။ ဒီလိုမစြန္႔စားႏိုင္သူအဖို႔ေတာ့ ခ်စ္ဖို႔ေၾကာက္သြားတတ္ပါတယ္။

၄။ သင္က တစ္ေယာက္တည္းေနရတာႀကိဳက္တယ္

သင္က တစ္ေယာက္တည္းေနရတာ ေပ်ာ္ေနတတ္သူဆိုရင္ ခ်စ္မိဖို႔ မစဥ္းစားေတာ့ပါဘူး။ အခ်ိန္တန္ သူငယ္ခ်င္းေတြနဲ႔ အျပင္သြားမယ္။ တစ္ေယာက္တည္း ကိုယ္လုပ္ခ်င္တာလုပ္ေနမယ္။ ဒီအရသာကို ႏွစ္သက္သူအဖို႔ေတာ့ ခ်စ္ဖို႔ေၾကာက္မွာပါ။

၅။ အတိတ္ဒဏ္ရာက က်က္ဖို႔ခက္တယ္

အတိတ္ေဟာင္းက အခ်စ္ေရးက နာက်င္ခဲ့ရရင္ ခ်စ္ဖို႔ေၾကာက္သြားတတ္ပါတယ္။ ေနာက္ထပ္ခ်စ္မိရင္လည္း ဒီလိုထပ္ျဖစ္မယ္လို႔ ထင္ေနတတ္ပါတယ္။ ဘယ္သူ႕ကိုမွလည္း မယံုရဲေတာ့ပါဘူး။

၆။ အခ်စ္ဆိုတာ စိန္ေခၚမႈတစ္ခုပါ

လူတိုင္းမွာ အားနည္းခ်က္ေတြရွိပါတယ္။ ကိုယ့္ရဲ႕အားနည္းခ်က္ကို တျခားလူဆီ ေျပာျပဖို႔ ေၾကာက္ေနသေရြ႕ေတာ့ ရည္းစားထားဖို႔ ေၾကာက္ေနဦးမွာပါ။ ခ်စ္မိဖို႔ ေၾကာက္ေနဦးမွာပါ။

ေလးစားစြာျဖင့္ ခရစ္ဒက္ — အန္တီေမ

ယူနီကုတ္ျဖင့္ ဖတ္ရန္

အချစ်ဆိုတဲ့ အရာက ဘဝတစ်ချိုးတစ်ကွေ့မှာ လူတိုင်း ကြုံရမယ့် ခံစားချက်လေးပါ။ အချစ်ကြောင့် ပျော်ရွှင်ရတယ်။ နာကျင်ရတယ်။ အသည်းတွေကွဲရတယ်။ ဘဝမှာ မရဖူးတဲ့ ခံစားချက်မျိုးတွေကြုံရတယ်။ တချို့လူတွေကတော့ ချစ်မိဖို့ မကြောက်ပေမယ့် လူအချို့ကတော့ ချစ်မိသွားဖို့ကို အရမ်းကြောက်ကြပါတယ်။ အဲ့လိုကြောက်တဲ့သူတွေက များသောအားဖြင့် အတိတ်က သူတို့အချစ်ရေးဟာ အဖုအထစ်တွေနဲ့ အဆင်မပြေခဲ့လို့ပါ။ ဒီတော့ ဘယ်လိုအကြောင်းတွေကြောင့် ချစ်မိဖို့ ကြောက်သွားကြတာလဲ ဖော်ထုတ်လိုက်ရအောင်နော်…

၁။ အချစ်ဟာ ညီမျှမှုမရှိဘူး

သင်ချစ်သလောက် သူတို့ဘက်က ညီမျှတဲ့ အချစ်မျိုး ရဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ များသောအားဖြင့် ကိုယ်က စိတ်နှစ်ပြီး ချစ်မိရင် ထားသွားတဲ့လူက များတာပဲလေ။

၂။ ချစ်မိရင် နာကျင်ရတဲ့ခံစားချက်ကို မခံစားနိုင်တာ

ဒီလိုမခံစားနိုင်တာကိုတော့ နှလုံးသားတစ်ခုလုံးနဲ့ ချစ်တတ်တဲ့သူတွေ သိမှာပါ။ အရမ်းချစ်တော့ ချစ်တဲ့သူကို လက်လွှတ်ရမှာ ကြောက်ပါတယ်။ ဒီတော့ အဲ့ခံစားချက်မျိုး ခံစားမယ့်အစား မချစ်မိဖို့ ကြိုးစားတာကပဲ ပိုကောင်းပါတယ်။

၃။ ချစ်မိရင် ခံစားချက်အကုန်ရနိုင်ပါတယ်

တကယ်ချစ်မိသွားရင် ကိုယ့်မှာ ရှိသမျှကို စွန့်လွတ်ရတတ်ပါတယ်။ ဒီလိုမစွန့်စားနိုင်သူအဖို့တော့ ချစ်ဖို့ကြောက်သွားတတ်ပါတယ်။

၄။ သင်က တစ်ယောက်တည်းနေရတာကြိုက်တယ်

သင်က တစ်ယောက်တည်းနေရတာ ပျော်နေတတ်သူဆိုရင် ချစ်မိဖို့ မစဉ်းစားတော့ပါဘူး။ အချိန်တန် သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်။ တစ်ယောက်တည်း ကိုယ်လုပ်ချင်တာလုပ်နေမယ်။ ဒီအရသာကို နှစ်သက်သူအဖို့တော့ ချစ်ဖို့ကြောက်မှာပါ။

၅။ အတိတ်ဒဏ်ရာက ကျက်ဖို့ခက်တယ်

အတိတ်ဟောင်းက အချစ်ရေးက နာကျင်ခဲ့ရရင် ချစ်ဖို့ကြောက်သွားတတ်ပါတယ်။ နောက်ထပ်ချစ်မိရင်လည်း ဒီလိုထပ်ဖြစ်မယ်လို့ ထင်နေတတ်ပါတယ်။ ဘယ်သူ့ကိုမှလည်း မယုံရဲတော့ပါဘူး။

၆။ အချစ်ဆိုတာ စိန်ခေါ်မှုတစ်ခုပါ

လူတိုင်းမှာ အားနည်းချက်တွေရှိပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို တခြားလူဆီ ပြောပြဖို့ ကြောက်နေသရွေ့တော့ ရည်းစားထားဖို့ ကြောက်နေဦးမှာပါ။ ချစ်မိဖို့ ကြောက်နေဦးမှာပါ။

လေးစားစွာဖြင့် ခရစ်ဒက် — အန်တီမေ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.