The Voice Myanmar Winner ဖြစ်တဲ့ နိုဗန်ထူးတစ်ယောက် လူမှုကွန်ရက်အသုံးပြုခြင်းကို ခေတ္တရပ်နားလိုက်တယ်လို့ သိရပါတယ် ။ လက်ရှိမှာ သူငယ်ချင်းတစ်ယောက်ကို အကောင့်အပ်ပြီး နိုဗန်ထူးတစ်ယောက် လူမှုကွန်ရက် ရပ်ဝန်းကနေ ထွက်ခွာသွားတာပါ။နိုဗန်ထူး က ”အစီအစဉ်တကျ ကျွန်တော့်ကို ကျွန်တော် ပျောက်ဆုံးနေခဲ့တယ်။ တိတ်တိတ်ဆိတ်ဆိတ် အသံကို မြိန်ရည်ရှက်ရည် စားသုံးဖို့ တကိုယ်စာ ရွက်လွင့်ဖို့ အတိုင်းအတာ တစ်ခု စနစ်တကျ ပြန်အစားထိုးတော့ပါမယ်။
ရှေ့ကာလ အပိုင်းအခြားတခုစာမှာ
အချိန်၊ စနစ်နဲ့ ကျွန်တော်လွန်ဆွဲနေခဲ့တော့ စဉ်းစားတွေးတောမူတွေအတွက် အပြည့်အဝရူးသွပ်စွာ ဖန်တီးချက်မှူတွေအတွက် လှူပ်ရှားဖို့ အခွင့်အလမ်း နည်းပါးခဲ့ပါတယ်။
စိတ်အလိုမကျမူတွေ၊ အပျော်ကင်းမဲ့ခြင်းတွေ ၊အေးတိအေးစက်ငြိမ်သက်ခြင်းတွေ အတွင်းက အော်ဟစ်သံတွေ စတဲ့ ကျွန်တော့် အတွင်းမိတ်ဆွေတွေနဲ့ ငြင်းခုန်ရန်ဖြစ်ခြင်းတွေကို ဖြေရှင်းရင်း ထွက်ကျလာသော စကားလုံးများနှင့် သံစဉ်များကို မိတ်ဆွေတို့ထံ ပြန်လည် ဝေမျှဖို့ အတွက် ခဏတာ ပျောက်ပါအုန်းမည်။ ထုံးစံအတိုင်း မိတ်ဆွေများ ဖုန်းသာဆက်ပါ။
သူငယ်ချင်းတယောက် ကျွန်တော့် အကောင့်ကို ခဏ ထိန်းသိမ်းထားပေးပါမည်။”လို့ရေးသားထားတာကိုတွေ့ရပါတယ်။ သိစေချင်လွန်းလို့ ပရိသတ်မျာစလည်း နိုဗန်ထူး ကို လူမှုကွန်ရက်ပြန်သုံးအောင် ဖြောင်းဖျပေးခဲ့ကြပါဦး ။Source – Noven HtooNoe Noe May Ju Ju
