လူမင်းက ချစ်တဲ့ မျက်လုံးနဲ့ ကြည့်တတ်အောင်သင်ပေးတယ်ဆိုတဲ့ စဝ်ယွန်းဝတီဦး

Posted on

အလှမယ် လောကနေ အနုပညာလောကထဲ ခြေချလာသူက သရုပ်ဆောင် စဝ်ယွန်းဝတီဦး ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာအနေအထားနဲ့ ကိုယ်နေဟန် အချိုးအစားကြောင့် ပရိသတ် အားပေးခြင်း ခံရသူလည်း ဖြစ်ပါတယ်။ ဟစ်တိုင် ရုပ်ရှင်ကားကြီးမှာ မျက်နှာသစ် သရုပ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးခွင့်ရသလို နောက်ထပ်ရုပ်ရှင်ကားကြီးမှာလည်း ဝါရင့်မင်းသားကြီးတွေနဲ့ တွဲဖက် ရိုက်ကူးထားပါတယ်။

“လူကြီးလူကောင်း” ရုပ်ရှင်မှာတော့ Miss (၄) ယောက်ဖြစ်တဲ့ ရွှေအိမ်စည် ၊ .ထက်ထက်ထွန်း ၊ စဝ်ယွန်းဝတီဦးနဲ့ ယွန်းဝတ်လွှာအောင် တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ လွင်မိုး ၊ လူမင်း ၊ ပြေတီဦး ၊ ခန့်စည်သူ ၊ စိုးမြတ်သူဇာ တို့လည်း ပါဝင်ထားပါတယ်။သရုပ်ဆောင်နဲ့ ပတ်သက်လာရင် ဦးလူမင်းရဲ့ သွန်သင်ပြသပေးမှုတွေ အကြောင်း စဝ်ယွန်းဝတီဦးက ခုလို ပြောသွားပါတယ်။

 

 

“အဲ့တုန်းက အန်ကယ်လေးနဲ့ တူတူ ရိုက်ရတယ်။ စုံတွဲကာရိုက်တာ မျိုး ပထမဆုံး ရိုက်ဖူးတာဆိုတော့ ရှက်တာ ကြောက်တာ တော်တော်ရှိန်တာ ဖြစ်ခဲ့တယ်။ အဲ့တုန်းကဆိုရင် အန်ကယ်လေးက တော်တ်ာကို ဆွဲခေါ်ပြီး စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့တာ။ ရန်ဖြစ်တဲ့ အခန်းတွေဆိုရင် ပြန်အော်ဖို့ ကြောက်နေတာမျိုး ၊ love scene တွေဆိုရင် ရှက်နေတာမျိုး မကြည့်ရဲတာမျိုးတွေကို အန်ကယ်လေးက တော်တော်သင်ပေးတယ်။

 

 

မကြီးစိုးကလည်း ညီမတို့ကို စကားအပြောအဆိုလေးတွေ အများကြီး သင်ပေးတယ်။ အဓိကက ချစ်တဲ့ မျက်လုံး မဖြစ်နေလို့ အဲ့လိုဖြစ်အောင် ကြည့်ဖို့ ၊ သူ့ကို မကြည့်ရဲတဲ့ အချိန်မှာ သူ့ကို ကြည့်အောင် အန်ကယ်လေးက စိုက်ကြည့်ခိုင်းတာ။ အဓိကက ကိုယ့်ရဲ့ စိတ်ကို ပိတ်မထားဘဲ ပွင့်ပွင့်လင်းလင်းဖြစ်အောင် သရုပ်ဆောင်ခိုင်းတာ။ အခုဆိုရင်တော့ နည်းနည်း တိုးတက်လာပြီ။” ဆိုပြီး ပြောပြသွားပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်ကား ဖြစ်ကြောင်းကိုလည်း စဝ်ယွန်းဝတီဦးကက ခုလို ညွှန်းသွားပါတယ်။

 

 

“ပရိသတ်တွေ အရမ်းကြိုက်ပြီး ရယ်ရတဲ့ ဇာတ်ကားလေး ဖြစ်မယ်လို့ ထင်တယ်။ Miss လေးယောက် ပါတယ်။ ပြီးတော့ မင်းသားကြီး လေးလက်ပါတယ်။ ဟာသကားပေမဲ့ ပရိသတ်တွေ အများကြီး ကြိုက်မှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းရယ်ရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.