လူတိုင်းလုပ်နေကြတဲ့အရာလေးကို မလုပ်တတ်တဲ့အတွက် ခေတ်နောက်ကျနေတဲ့သူတစ်ယောက်ဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံလာတဲ့ နက္ခတ်

Posted on

မင်းသားချော နက္ခတ်ကတော့ MRTV 4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နက္ခတ်က ကျရာ ဇာတ်ကောင်ကို စိတ်နစ်ပြီး သရုပ်ဆောင်နိုင်ပေမယ့် သူ့ရဲ့ ပင်ကိုယ်ပုံစံကတော့ အရမ်းကို အနေအထိုင်အေးဆေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နက္ခတ်က Live လွှင့်၊ Tik Tok ဆော့ဖို့ တောင်းဆိုထားကြတဲ့ ပရိသတ်တွေကို အခုလိုပဲ ရှင်းပြပြီး တောင်းပန်ထားပါတယ်။

“Fb မှာ Live လွှင့်ပေးပါတို့ Tik tok ဆော့ပေးပါ လို့ တောင်းဆိုနေကြတဲ့ Fan လေးတွေရေ.. ကျွန်တော်က အပြင်မှာ ရိုးရိုးအေးအေးကြီးနေတတ်တော့ အဲ့ဒီ အရာတွေနဲ့က ကျွန်တော်နဲ့ မလိုက်ဖက်ဘူးထင်လို့ မလုပ်ဖြစ်တာပါ။ Live လွှင့်ပြီး စကားတစ်ယောက်တည်းပြောဖိုကလည်း စိတ်ဝင်စားဖို့ကောင်းအောင် ပြောတတ်မှာ မဟုတ်ပဲ တရားဟောသလို ဆုံးမတဲ့စကားတွေ ဖြစ်သွားမှာစိုးလို့ပါ😃”

“သရုပ်ဆောင်အလုပ်ကို လုပ်နေရတဲ့ အချိန်ပရိတ်သတ်တွေ အများကြီးနဲ့ Shootingအဖွဲ့ က လူတွေ အများကြီးရဲ့ရှေ့မှာ ကိုယ်သရုပ်ဆောင်ရမယ့် အရာကို လုပ်ရဲ​ပေမယ့် ကိုယ့်ဖုန်း ကိုယ်ပြန်ကြည့်ပြီး တစ်ယောက်တည်း သရုပ်ဆောင်ရတာကိုတော့ မလုပ်တတ်လို့ Tik tok လည်း မဆော့တာပါဗျ။ အခုလို ခေတ်ကြီးထဲမှာ အဲ့လိုအရာတွေမလုပ်ရင် ခေတ်နောက်ကျ နေတာသိပေမယ့် ရိုးသားစွာ ဝန်ခံပါတယ်။ ကျွန်တော်က ခေတ်မမှီသူတစ်ယောက်ပါ။ ဒါပေမယ့် ကိုယ်သရုပ်ဆောင် ရမယ့် ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေ မှာ ဘယ်လို Characterတွေ ပဲလာလာ အကောင်းဆုံး ပုံဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရိုးရိုးအေးအေးနေတာကိုပဲ အားပေးနေကြတဲ့ ပရိတ်သတ်တွေ အားလုံးကိုလဲကျေးဇူးတင်ပါတယ်ဗျ❤️” ဆိုပြီး ပြောထားပါတယ်။

နက္ခတ်ကတော့ အနေအေးသူတစ်ယောက်ပီပီ သူလုပ်စရာရှိတာတွေကိုသာ ဆက်လက်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒါပေမယ့် နက္ခတ်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ ဖြစ်တည်မှုတိုင်းကို လက်ခံအားပေးကြလျက်ရှိပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nat Khat’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.