လူတကာငေးမောရလောက်အောင် ခမ်းနားစွာ လှပနေတဲ့ မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင် ပုံရိပ်များ

Posted on

နိုင်ငံကျော် မင်းသမီးချောလေး မိုးဟေကိုက ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာမှာ ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးပါ။ မိုးဟေကိုက သူမရဲ့မိခင် ကျန်းမာရေးခြေအနေကြောင့် အနုပညာလောကကနေ ခဏတာအနားယူခဲ့ပြီး အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါပြီ။

မနေ့က သြဂုတ်လ(၃) ရက်နေ့မှာတော့ မိုးဟေကိုက ရန်ကုန်မြို့ မြန်မာပလာဇာမှာ ကျင်းပတဲ့ Eliza ရဲ့ 2nd Year Anniversary Reward Sale အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ထိုပွဲကို တက်ရောက်ခဲ့တဲ့ မိုးဟေကိုကတော့ အသားရောင်ဝတ်စုံလေးနဲ့ အားလုံးရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့အထိ လှပကျော့ရှင်းနေတာကို တွေ့ရပါတယ်။

မိုးဟေကိုက သူမရဲ့ ပွဲတက်အမှတ်တရလေးတွေကို “Eliza ရဲ့ 2nd Year Anniversary Reward Sales Event လေးကို တက်ရောက်ဖြစ်ပြီး မိုးရဲ့ အသားအရည်ထိန်းသိမ်းတဲ့အကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးဖြစ်ခဲ့တယ်၊” ဆိုပြီး ပြောပြထားပါတယ်။

မိုးဟေကိုက မကြာခင်မှာလည်း နေတိုးနဲအတူတူ “ကျွန်တော့ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့၊ ဒေါင်း ၊ ဖွေးဖွေးတို့နဲ့အတူတူ “Love Equation” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

မိုးဟေကိုက လက်ရှိမှာတော့ဘအိမ်ထောင်မပြုပေးပဲ သူမချစ်တဲ မိသားစုတွေနဲ့အတူတူ တည်ငြိမ်တဲ့ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source: Moe Hay Ko’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.