လူစားထိုးတဲ့ဆိုတဲ့သတင်းတွေအပေါ် အမြင်တွေမျှဝေလိုက်တဲ့ အိုင်းရစ်လေပြေဦး

လက်ရှိပွဲဆူနေတဲ့ ဗစ်တိုးရီဗးယားလေးရဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနုပညာရှင်တွေတော်တော်များများက ၄င်းတိုးအမြင်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ဖော်ထုတ်နေကြပါတယ်။ သမီးလေးကို ကျူးလွန်လိုက်သူဟာ အောင်ကြီး ဖြစ်တယ်ဆိုတဲ့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ဟာပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်နေကြတာပါ။မကြာသေးခင်နှစ်ပိုင်းကမှ သက်ငယ်မုဒိန်းပညာပေးဇာတ်လမ်းတစ်ခုကို ကိုယ်တိုင်ရိုက်ကူးဖြန့်ဝေခဲ့တဲ့ အိုင်းရစ်လေပြေဦးက သူ့အမြင်ကို အခုလိုရေးသားခဲ့တာပါ။

အိုင်းရစ်က’တရားခံအစစ်၊ဟုတ်မဟုတ်
သက်သေပြနိုင်ရပါမယ်။

လူစားထိုးလို့ရတယ်ဆိုရင်တော့
မြန်မာနိုင်ငံက အခြေခံလူတန်းစားအတွက်
အရမ်းဝမ်းနည်းတယ်…

ငွေတွေ၊အာဏာ၊ပါဝါတွေရှိရင်
မုဒိမ်းကျင့်လို့ရတဲ့နိုင်ငံ။
လူသတ်လို့ရတဲ့နိုင်ငံ အမှူပေါင်းစုံလုပ်ချင်ရာ
လုပ်လို့ရတဲ့နိုင်ငံအဖြစ် အခြေခံလူတန်းစားအတွက်
တုန်လှူပ်စရာ အနေအထားပါ။’

‘လူတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းနဲ့
တူတော့မှာ မဟုတ်ပါဘူး။
တောတွင်းတိရစ္ဆာန်တွေရှိတဲ့အရပ်လိုပဲ
အင်အားကြီးတဲ့သူက ငယ်သူကို
စားသောက်ဝါးမျိုနေတဲ့
အရိုင်းအစိုင်းနိုင်ငံပဲဖြစ်လာမှာပါ။

လူတွေနဲ့ဖွဲ့စည်းထားတဲ့
လူနိုင်ငံမှာ ဘေးကင်းလုံခြုံစွာနဲ့
အေးချမ်းစွာ ရပ်တည်နိုင်ကြပါစေ။

*** အမှန်တရားနဲ့တရားမျှတမှု အလိုရှိသည်။ ***

ခိုင်လုံပြီး ယုတ္တိရှိတဲ့ သက်သေကို
ပြည်သူတစ်ယောက်အနေနဲ့ မျှော်လင့်လျှက်…’.ဆိုပြီးသူ့အမြင်ကိုဖော်ထုတ်ထားပါတယ်။ သိစေချင်လွန်းလို့ပရိသတ်တွေလည်း အိုင်းရစ် ရဲ့ အမြင်အပေါ်မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။

Source – Iris Mangchin Par

No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.