လူစကားတော်တော်နားလည်ပြီး လူယဉ်ပါးလွန်းတဲ့ ဆင်မကြီးမိုမိုရဲ့ အမူအယာကိုကြည့်ပြီး တအံ့တသြဖြစ်ခဲ့ရတဲ့ ပိုင်တံခွန်

Posted on

နိုင်ငံကျော်ရုံတင်မကပဲ ကမ္ဘာအထိပါ ထိုးဖောက်အောင်မြင်နေတဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောရုံသာမကပဲ အပြောအဆိုလည်း သိမ်မွေ့လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အသက် (၂၄) နှစ်အရွယ်သာရှိသေးတဲ့ ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါးထက် သူချစ်တဲ့ တိရစ္ဆာန်လေးတွေနဲ့သာ အချိန်ကုန်ဆုံးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ဘယ်လောက်တောင် တိရစ္ဆာန်ချစ်လဲဆိုရင် သူ့ရဲ့နေအိမ်မှာ အကောင်ပေါင်းစုံကို မွေးဖွားထားရုံသာမကပဲ သူ့ရဲ့ ခန္ဓာကိုယ်အနှံ့မှာလည်း တိရစ္ဆာန်ပုံတွေ တက်တူးထိုးထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ပိုင်တံခွန်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လည်ပတ်ခဲ့တဲ့ အမှတ်တရတွေနဲ့အတူတူ လူစကားတော်တော်နားလည်ပြီး လူယဉ်လွန်းတဲ့ ဆင်မလေးမိုမိုနဲ့ အမှတ်တရဗီဒီယိုလေးကို တိရစ္ဆာန်ချစ်သူများအဖွဲ့မှာ မျှဝေထားပါတယ်။ ပိုင်တံခွန်က “လူစကား တော်တော်နားလည်တာပဲ မိုမို က 🖤 မိုမိုလေးလို့ ပြောနေတော့ သမီး သမီးနဲ့ ခေါ်နေတာ။ အသက်မေးကြည့်မှ မိုမိုက ဘွားဘွားဖြစ်နေပြီ အသက် ၆၇ နှစ်တဲ့ 😳” ဆိုပြီ ဆင်မကြီး မိုမိုနဲ့ အမှတ်တရဗီဒီယိုလေးကို အခုလိုပဲ တင်ပေးထားပါတယ်။

ပိုင်တံခွန်ကတော့ လူတစ်ယောက်နီးပါး အသိဉာဏ်ရှိလွန်းတဲ့ ဆင်မကြီးမိုမိုကိုကြည့်ပြီး အံ့သြတကြီးဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Takhon’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.