ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီး နှစ်ဆုကို ပိုင်ဆိုင်ရရှိထားပြီး မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ သားနဲ့သမီး ကျောင်းပိတ်ရက်ရှည်မှာ အင်္ဂလန်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အင်္ဂလန်က နာမည်ကြီး အထင်ကရ နေရာတွေမှာ လျှောက်လည်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်နော်။
အိန္ဒြာကျော်ဇင်က လန်ဒန်မြို့ကို လည်ပတ်ပြီးတဲ့နောက် အခုအခါမှာတော့ မန်ချက်စတာမြို့ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မန်ချက်စတာမြို့မှာ လည်ပတ်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ စတိုင်လ်က ပရိသတ်တွေ မြင်ဖူးနေကျမဟုတ်တဲ့ လူငယ်ဖက်ရှင်လေးနဲ့ပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်က Jean Pant အရှည်၊ Sweat Shirt၊ Hoodie နဲ့ လျှာထိုးဦးထုတ်တွေကို ဆောင်းပြီး လုံးဝကို လူငယ်လေးတစ်ယောက်ပုံစံ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်နဲ့ ခရီးရှည်သွားရတဲ့ သူမအဖို့တော့ ဒီဖက်ရှင်က လုံးဝကို စတိုင်လ်ကျပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေပါတယ်။
မြန်မာနိုင်ငံမှာတော့ နာမည်ကြီးမင်းသမီးအဖြစ် လူအများရဲ့ အာရုံစိုက်ခြင်း ခံရတဲ့ အိန္ဒြာကျော်ဇင်က သူမရဲ့ နိုင်ငံခြားခရီးစဉ်မှာတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။
ဘာဝတ်ဝတ်ကို စတိုင်လ်ကျနေတဲ့ Fashion Queen လေးပါပဲ။
အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ လှပတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။