လုပ်လက်စအလုပ်တွေအတွက် မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး ပုရိသတွေကြားမှာအရမ်းရေပန်းစားတဲ့ သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းစတိုင်လ်ကျလှပနေတာပါ ။ သင်ဇာဝင့်ကျော်ကတော့ ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့တစိုက်မတ်မတ်အားပေးခြင်းကိုရရှိခဲ့ကာ အရင်ကတည်းက သူမတူတဲ့အလှတရားတွေနဲ့ပရိသတ်တွေရဲ့ချီးကျူးမှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။

သင်ဇာကတော့ အခုနောက်ပိုင်းမှာ ပွဲအခမ်းအနားတွေကိုတက်ရောက်ရင် ဆက်စီ ဆန်တဲ့ဒီဇိုင်းလေးတွေနဲ့ တက်ရောက်လာတဲ့လူတွေကြားမှာ ထင်ရှားနေတာကို ပရိသတ်တွေလည်းတွေ့ရမှာပါနော်။သင်ဇာရဲ့ဖက်ရှင်တွေကတော့ သူမနဲ့လည်းလိုက်ဖက်ညီတာကြောင့် အရမ်းလှပြီး ဆွဲဆောင်မှုတွေရှိတာကြောင့် ပုရိသတွေအပေါင်းကတော့ ရင်ခုန်ပြီးရင်းခုန်နေရတာဖြစ်ပြီး လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ဆိုလည်း သင်ဇာရဲ့အလှအပတွေက ယဉ်စစနဲ့တစ်မျိုးလေးလှပါတယ်နော်။

အနုပညာအလုပ်တွေကို လုပ်ရင်း တစ်ဖက်မှာ ကောင်းမှုတွေကိုလည်း လုပ်တတ်တဲ့ သင်ဇာတစ်ယောက် ဒီကနေ့ မှာ တရားစခန်းဝင်သွားပြီ ဖြစ်တယ်လို့ဆိုပါတယ်။ သင်ဇာက လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ “ဒီနေ့တရားစခန်းဝင်ပါမည်… အကြွေးကျန်နေသောအလုပ်များကို ရိပ်သာကပြန်ထွက်လာမှ ဆက်လုပ်ပေးပါမည်” လို့ရေးသားထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း တရားစခန်းဝင်သွားတဲ့ သင်ဇာအတွက် မှတ်ချက်ကနေ သာဓုခေါ်ပေးခဲ့ကြပါဦး ။
Source – Thin Zar Wint Kyaw
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.