လိုက္ဖက္ညီတယ္လို ့ပရိသတ္ေတြက သက္မွတ္ထားၾကတဲ့ ေနတိုးနဲ့ (၂၀၂၁) ခုနွစ္အတြက္ ျပကၡဒိန္ဓာတ္ပံုေလးရိုက္ကူးေပးေနတဲ့ ဝတ္မႈံေရႊရည္

Posted on

ျမန္မာ့ရုပ္ရွင္ေလာကရဲ့ ထိပ္တန္း မင္းသားနဲ့ မင္းသမီးျဖစ္တဲ့ ေနတိုးနဲ့ ဝတ္မႈံေရႊရည္ကေတာ့ အတြဲညီညီ အေပးအယူမွ်မွ်နဲ့ ရုပ္ရွင္ဗီဒီယိုဇာတ္ကားေတြမွာ ပူးတြဲေအာင္ျမင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ေနတိုးနဲ့ ဝတ္မႈံေရႊရည္က ရုပ္ရွင္၊ ဗီဒီယို၊ ေၾကာ္ျငာ၊ ဓာတ္ပံု စတဲ့ အနုပညာလႈပ္ရွားမႈ အမ်ိဳးမ်ိဳးမွာ ခဏခဏဆံုျဖစ္ၾကျပီး အျပင္မွာလည္း ေမာင္နွမေတြလို ခ်စ္ခင္ရင္းနွီးၾကသူေတြ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနတိုးနဲ့ ဝတ္မႈံေရႊရည္တို့နွစ္ေယာက္ရဲ့ အနုပညာလႈပ္ရွားမႈေတြကိုဆို သိသိသာသာပိုျပီး အားေပးၾကတာကို ေတြ့ရပါတယ္။

မေန့က ၾသဂုတ္လ (၂၇) ရက္ေန့မွာေတာ့ ေနတိုးနဲ့ ဝတ္မႈံေရႊရည္တို့က (၂၀၂၁) ခုနွစ္အတြက္ ျပကၡဒိန္ဓာတ္ပံုေလးေတြကို အတူတူ ရိုက္ကူးေပးခဲ့ၾကပါတယ္။ ဝတ္မႈံေရႊရည္ကလည္း သူမရဲ့အစ္ကိုၾကီး ေနတိုးနဲ့ အလုပ္လုပ္တဲ့အခ်ိန္မွာ ေပါ့ေပါ့ပါးပါးရိွေနခဲ့ျပီး သူမတို့နွစ္ေယာက္ရဲ့ ရိုက္ကြင္းေပၚက အမွတ္တရေတြကို ပရိသတ္ေတြအတြက္ အခုလိုပဲ မွ်ေဝေပးလာပါတယ္။

ေနတိုးနဲ့ ဝတ္မႈံေရႊရည္ကေတာ့ အနုပညာအလုပ္ေတြကိုလည္း စိတ္တူကိုယ္တူ အေပးအယူမွ်မွ် လုပ္ေဆာင္တတ္ၾကတာေၾကာင့္ ပရိသတ္ေတြက လိုက္ဖက္တယ္လို့ သက္မွတ္ခံထားရသူေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးနဲ့ ဝတ္မႈံေရႊရည္ရဲ့ ေနာက္ထပ္ အနုပညာလႈပ္ရွားမႈေတြကို အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phone Myint Ngwe Taung Tan , Wutt Hmone Shwe Yi’s fb

unicode

မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်ကတော့ အတွဲညီညီ အပေးအယူမျှမျှနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ပူးတွဲအောင်မြင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ နေတိုးနဲ့ ဝတ်မှုံရွှေရည်က ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ၊ ဓာတ်ပုံ စတဲ့ အနုပညာလှုပ်ရှားမှု အမျိုးမျိုးမှာ ခဏခဏဆုံဖြစ်ကြပြီး အပြင်မှာလည်း မောင်နှမတွေလို ချစ်ခင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုဆို သိသိသာသာပိုပြီး အားပေးကြတာကို တွေ့ရပါတယ်။

မနေ့က သြဂုတ်လ (၂၇) ရက်နေ့မှာတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က (၂၀၂၁) ခုနှစ်အတွက် ပြက္ခဒိန်ဓာတ်ပုံလေးတွေကို အတူတူ ရိုက်ကူးပေးခဲ့ကြပါတယ်။ ဝတ်မှုံရွှေရည်ကလည်း သူမရဲ့အစ်ကိုကြီး နေတိုးနဲ့ အလုပ်လုပ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးရှိနေခဲ့ပြီး သူမတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေပေးလာပါတယ်။

နေတိုးနဲ့ ဝတ်မှုံရွှေရည်ကတော့ အနုပညာအလုပ်တွေကိုလည်း စိတ်တူကိုယ်တူ အပေးအယူမျှမျှ လုပ်ဆောင်တတ်ကြတာကြောင့် ပရိသတ်တွေက လိုက်ဖက်တယ်လို့ သက်မှတ်ခံထားရသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phone Myint Ngwe Taung Tan , Wutt Hmone Shwe Yi’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.