လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက် အနှောက်အယှက်ပေးတာ ခံခဲ့ရတယ်ဆိုတဲ့ နေခြည်ဦး

Posted on

 

လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် အနှောက်အယှက်ပေးမှု (Sexual Harasssment ) ဆိုတာ ကလေးတွေအစ လူကြီးတွေအဆုံး လူတိုင်းကြုံရနိုင်တဲ့ ကိစ္စတစ်ခုပါ။ မုဒိန်းမှုတွေကို လူတိုင်းအာရုံစိုက်နိုင်ကြပေမယ့် နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ Sexual Harasssment ကိစ္စတွေအတွက် ဘယ်သူကမှ ရဲရဲရင့်ရင့် ထုတ်ဖော်ပြောဆိုဖို့ ၊ အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားဖို့ ကိစ္စတွေ ဟာ အခုချိန်ထိခက်ခဲနေဆဲပါ ။ အခုလို Sexual Harasssment တစ်ခုကြုံ့ခဲ့ရတယ်လို့ ပြောပြလာတာကတော့ နိုင်ငံကျော် တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးပါ ။

မီဒီယာ တွေကို ဖြေဆိုခဲရာမှာ နေခြည်ဦးက ” နေခြည် ၁၂ နှစ် ၁၃ နှစ်လောက်တုန်းက လမ်းမထွက်ပြီး သင်္ကြန်မှာ ရေပက်နေတဲ့အချိန်မှာ ယောက်ျားတစ်ယောက်က အနောက်ကနေ တင်ပါးကို လာကိုင်တယ်.. အဲဒီတုန်းက အရမ်းကြောက်ပြီး အနောက်ကိုလည်း လှည့်မကြည့်ရဲဘူး .” ဆိုပြီးတော့ ငယ်ငယ်တုန်းက ကိုယ်ထိလက်ရောက် အနှောက်အယှက်ပေး ခံခဲ့ရတယ် လို့ဆိုပါတယ်။

ငယ်လည်းငယ် သေးတဲ့ကာလဖြစ်တာကြောင့် မိဘတွေကို ပြောပြဖို့လည်း အခက်အခဲတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုလည်း (၃) နှစ်လောက်ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိန်း အမှုတွေကိုလည်း အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ သိစေချင်လွန်းလို့ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ဖြစ်ရပ်လေးကနေရရှိလိုက်တဲ့ အမြင်တွေ သဘောထားမှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။

Source – Cele YatKwat
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.