လိင္ပိုင္းဆိုင္ရာကို ထိပါးေႏွာင့္ယွက္တဲ့ ဇာတ္ဝင္ခန္းေတြ ပါဝင္ေနတာေၾကာင့္ ေဝဖန္မႈေတြရရွိေနတဲ့ “It’s Okay To Not Be Okay”

Posted on

လက္ရွိထုတ္လႊင့္ျပသလွ်က္ရွိတဲ့ “It’s Okay Not To Be Okay” ဇာတ္လမ္းတြဲဟာဆိုရင္ စတင္ျပသတဲ့အခ်ိန္တုန္းက ဇာတ္လမ္းတည္ေဆာက္မႈပုံစံ၊ သ႐ုပ္ေဆာင္ေတြရဲ႕ေခ်ာေမာၾကည့္ေကာင္းၿပီး လိုက္ဖက္မႈေတြေၾကာင့္ ခ်ီးက်ဴးသံေတြေဝဆာခဲ့ေပမယ့္လည္း ဒီတစ္ပတ္ျပသသြားခဲ့တဲ့ အပိုင္း ၄ အၿပီးမွာေတာ့ လိင္ပိုင္းဆိုင္ရာထိပါးေႏွာင့္ယွက္တဲ့ ဇာတ္ဝင္ခန္းေတြအမ်ားအျပားပါဝင္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဝဖန္မႈေတြကိုရရွိေနတယ္လို႔ သိရပါတယ္။

ၾကည့္ရႈသူပရိသတ္ေတြအၾကားေဝဖန္မႈေတြကို အညံဆုံးျဖစ္ေစတဲ့ဇာတ္ဝင္ခန္းေတြကေတာ့ Seo Ye Ji တစ္ေယာက္ ေဆးကုသေရးစင္တာရဲ႕ အဝတ္လဲခန္းထဲကို ႐ုတ္တရက္ဆိုသလိုဝင္ေရာက္လာၿပီး Kim Soo Hyun ရဲ႕ရင္အုပ္ႂကြက္သားေတြေနရာကို လက္လွမ္းကိုင္တြယ္လိုက္တဲ့အခန္းပဲ ျဖစ္ပါတယ္။ ေနာက္ထပ္တစ္ခန္းကေတာ့ သ႐ုပ္ေဆာင္ Kwak Dong Yeon ရဲ႕ ဆင္ဆာျဖတ္ေတာက္ခံထားရတဲ့အခန္းေနရာျဖစ္ၿပီး သူနဲ႔ Seo Ye Ji တို႔ႏွစ္ေယာက္ေတြ႕ဆုံစဥ္မွာ ျပသတဲ့ဇာတ္ဝင္ခန္းအခ်ိဳ႕နဲ႔ စကားလုံးအခ်ိဳ႕ဟာဆိုရင္လည္း ေဝဖန္မႈေတြကို ညံသထက္ညံသြားေစခဲ့တာကို ေတြ႕ရပါတယ္။

ဒါေတြအျပင္ “Morning Sun Club” လို႔အသုံးျပဳထားပုံမွာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ေတာင္ကိုရီးယားႏိုင္ငံမွာသာ ႏိုင္ငံတကာမွာပါ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့တဲ့ “Burning Sun Club” ကို ရည္ၫႊန္းတဲ့အသုံးအႏႈန္းျဖစ္ကာ စာအုပ္ထုတ္ေဝဖို႔အတြက္ အေတြ႕အႀကဳံကုန္ၾကမ္းလိုခ်င္တာေၾကာင့္ ခ်စ္တင္းေႏွာလိုေၾကာင္းကမ္းလွမ္းတဲ့ Seo Ye Ji ရဲ႕စကားလုံးေတြကလည္း ေဝဖန္မႈေတြကို ျမင့္တက္ေစခဲ့တာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳးေဝန္မႈေတြနဲ႔ပတ္သတ္ၿပီး ထုတ္လုပ္႐ိုက္ကူးေရးတာဝန္ရွိသူေတြက သူတို႔ေတြအေနနဲ႔ အေသးစိတ္ျပန္လည္သုံးသပ္ေနေၾကာင္းကို ထုတ္ျပန္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဇာတ္လမ္းတြဲရဲ႕ၾကည့္ရႈႏႈန္းဟာ ပွ်မ္းမွ်အားျဖင့္ ၆ ရာခိုင္ႏႈန္းရွိေနတယ္လို႔ သိရပါတယ္။ ပရိသတ္ေတြကေတာ့ လာမယ့္အပိုင္းေတြမွာ မင္းသားနဲ႔မင္းသမီးရဲ႕ လိုက္ဖက္ၾကည့္ေကာင္းတဲ့ သ႐ုပ္ေဆာင္မႈေတြကိုပဲ ေစာင့္ေမွ်ာ္ၾကည့္ရႈခ်င္ၾကၿပီး အျပစ္ေျပာခ်င္စရာေကာင္းတဲ့ ဇာတ္ကြက္ေတြေလ်ာ့နည္းသြားဖို႔အတြက္ ေမွ်ာ္လင့္ထားၾကပါတယ္။

Ref : Koreaboo

Unicode

လက်ရှိထုတ်လွှင့်ပြသလျှက်ရှိတဲ့ “It’s Okay Not To Be Okay” ဇာတ်လမ်းတွဲဟာဆိုရင် စတင်ပြသတဲ့အချိန်တုန်းက ဇာတ်လမ်းတည်ဆောက်မှုပုံစံ၊ သရုပ်ဆောင်တွေရဲ့ချောမောကြည့်ကောင်းပြီး လိုက်ဖက်မှုတွေကြောင့် ချီးကျူးသံတွေဝေဆာခဲ့ပေမယ့်လည်း ဒီတစ်ပတ်ပြသသွားခဲ့တဲ့ အပိုင်း ၄ အပြီးမှာတော့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေဖန်မှုတွေကိုရရှိနေတယ်လို့ သိရပါတယ်။

ကြည့်ရှုသူပရိသတ်တွေအကြားဝေဖန်မှုတွေကို အညံဆုံးဖြစ်စေတဲ့ဇာတ်ဝင်ခန်းတွေကတော့ Seo Ye Ji တစ်ယောက် ဆေးကုသရေးစင်တာရဲ့ အဝတ်လဲခန်းထဲကို ရုတ်တရက်ဆိုသလိုဝင်ရောက်လာပြီး Kim Soo Hyun ရဲ့ရင်အုပ်ကြွက်သားတွေနေရာကို လက်လှမ်းကိုင်တွယ်လိုက်တဲ့အခန်းပဲ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခန်းကတော့ သရုပ်ဆောင် Kwak Dong Yeon ရဲ့ ဆင်ဆာဖြတ်တောက်ခံထားရတဲ့အခန်းနေရာဖြစ်ပြီး သူနဲ့ Seo Ye Ji တို့နှစ်ယောက်တွေ့ဆုံစဉ်မှာ ပြသတဲ့ဇာတ်ဝင်ခန်းအချို့နဲ့ စကားလုံးအချို့ဟာဆိုရင်လည်း ဝေဖန်မှုတွေကို ညံသထက်ညံသွားစေခဲ့တာကို တွေ့ရပါတယ်။

ဒါတွေအပြင် “Morning Sun Club” လို့အသုံးပြုထားပုံမှာ ပြီးခဲ့တဲ့နှစ်တုန်းက တောင်ကိုရီးယားနိုင်ငံမှာသာ နိုင်ငံတကာမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ “Burning Sun Club” ကို ရည်ညွှန်းတဲ့အသုံးအနှုန်းဖြစ်ကာ စာအုပ်ထုတ်ဝေဖို့အတွက် အတွေ့အကြုံကုန်ကြမ်းလိုချင်တာကြောင့် ချစ်တင်းနှောလိုကြောင်းကမ်းလှမ်းတဲ့ Seo Ye Ji ရဲ့စကားလုံးတွေကလည်း ဝေဖန်မှုတွေကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုးဝေန်မှုတွေနဲ့ပတ်သတ်ပြီး ထုတ်လုပ်ရိုက်ကူးရေးတာဝန်ရှိသူတွေက သူတို့တွေအနေနဲ့ အသေးစိတ်ပြန်လည်သုံးသပ်နေကြောင်းကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဇာတ်လမ်းတွဲရဲ့ကြည့်ရှုနှုန်းဟာ ပျှမ်းမျှအားဖြင့် ၆ ရာခိုင်နှုန်းရှိနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ လာမယ့်အပိုင်းတွေမှာ မင်းသားနဲ့မင်းသမီးရဲ့ လိုက်ဖက်ကြည့်ကောင်းတဲ့ သရုပ်ဆောင်မှုတွေကိုပဲ စောင့်မျှော်ကြည့်ရှုချင်ကြပြီး အပြစ်ပြောချင်စရာကောင်းတဲ့ ဇာတ်ကွက်တွေလျော့နည်းသွားဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.