ပရိသတ်တွေက ဒါဒါလို့ ချစ်စနိုးနဲ့ ခေါ်ခဲ့ကြတဲ့ အကယ်ဒမီ စိုးမြတ်နန္ဒာကတော့ စိုးမြတ်သူဇာရဲ့ ညီမအရင်းဖြစ်ပေမယ့် အနုပညာလမ်းကြောင်းပေါ်ကို ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ဝင်ရောက်လာခဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာကတော့ အရင်ခေတ်ကတည်းက ဆံပင်တိုတိုကပ်ကပ်လေးညှပ်ပြီး သူမရဲ့ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သလို သူမရဲ့ တစ်ခေတ်တစ်ခါ အောင်မြင်မှုကို ထူထောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာကတော့ အခုဆိုရင် အသက်လေးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်ပြီး ငယ်ငယ်ကထက် ပိုပြီး ရင့်ကျက်တည်ငြိမ်နဲ့အလှတရားတွေနဲ့ ကျက်သရေရှိလာတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။
မကြာခင် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ အသက် (၄၁) နှစ် ပြည့်တော့မယ့် စိုးမြတ်နန္ဒာကတော့ သူမရဲ့ မွေးလလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုးမြတ်နန္ဒာက “❄️ SWEET DECEMBER ❄️ကိုယ်မွေးတဲ့လလေးကို ချစ်ခဲ့ရတာ ၄၁ နှစ်ပြည့်ပြီပေါ့။ ကမ္ဘာသူ ကမ္ဘာသား အားလုံးအေးချမ်းတဲ့ လလေး ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်❄️” ဆိုပြီး သူမရဲ့ မွေးနေ့လေးအကြောင်း ပြောလာပါတယ်။
စိုးမြတ်နန္ဒာကတော့ မကြာခင် အသက် (၄၁) နှစ်အရွယ်ရောက်ရှိတော့မှာဖြစ်ပြီး တစ်ရက်ထက်တစ်ရက် ကုသိုလ်ရှာရင်းနဲ့သာ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မကြာခင် ကျရောက်တော့မယ့် စိုးမြတ်နန္ဒာရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာ အေးချမ်းစရာတွေရရှိဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Soemyat Nandar’s fb
zawgyi