လမ်းသွားလမ်းလာလူတွေကို မေ့ထားပြီး ဆူးလေလမ်းမကြီးပေါ်မှာ Tik Tok ရိုက်ခဲ့တဲ့ နေခြည်ဦး


 


 


 

 


 



 

unicode

ပရိသတ်တွေချစ်ကြတဲ့ Blogger မလေး နေခြည်ဦးက သူမရဲ့ ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နေသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက အခုဆိုရင် ဝါရင့် နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူတူ ရုပ်ရှင်တွေ ရိုက်ကူးနေပြီး အနုပညာလောကမှ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီဖြစ်ပြီး သူမကို အားပေးတဲ့ ပရိသတ်တွေရဲ့ ဝန်းရံခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ လက်ရှိမှာ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ထပ်ဆင့်အကယ်ဒမီ နေတိုး၊ သူရိယနဲ့ တိုင်ရွန်တို့နဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ဆုံးကျန်ရှိတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့ ရန်ကုန်မြို့လည်ခေါင်က ဆူးလေဘုရားနားကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဆူးလေလမ်းမကြီးမှာ အထာကျကျ လမ်းလျှောက်နေတဲ့ နေခြည်ဦးရဲ့ ဗီဒီယို

 

နေခြည်ဦးကတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း နေခြည်ဦးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: beautybynaychi’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.