လန်ဒန်မြို့မှာ ဖက်ရှင်ကျကျ လျှောက်လည်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ပုံရိပ်တွေ

တစိမ့်စိမ့်ကြည့်မဝတဲ့ အလှအပကြောင့်ရော ထူးချွန်လွန်းတဲ့ သူမရဲ့အနုပညာကြောင့်ပါ မြန်​မာနိုင်​ငံရဲ့ ထိပ်​တန်းမင်းသမီးတစ်​ဦးအဖြစ်​ နှစ်​​ပေါင်းများစွာ ရပ်​တည်​​နေခဲ့တဲ့ သရုပ်​​ဆောင်​ အိန္ဒြာ​ကျော်​ဇင်​က​တော အနုပညာနဲ့ပတ်​သတ်​ရင်​ ထိထိမိမိနဲ့ အ​ကောင်းဆုံးသရုပ်​​ဆောင်​တတ်​သူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ အူဝဲက ချစ်စရာကောင်းတဲ့ သားနဲ့သမီးတို့နဲ့အတူ လန်ဒန်မြို့သို့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး၊ သူမရဲ့အမိုက်စား ပုံ​လေး​တွေကိုလည်း လူမှုကွန်​ယက်​စာမျက်​နှာ​ပေါ်မှာ ​ဝေမျှ​ပေးခဲ့တာပဲ ဖြစ်​ပါတယ်​။ အမြဲဖက်ရှင်ကျနေတဲ့ မင်းသမီး​ချော​လေး အိန္ဒြာ​ကျော်​ဇင်​က​တော့ လန်ဒန်မြို့ကြီးမှာလည်း ထင်ထင်ရှားရှားနဲ့ အရမ်းကိုပဲ မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ရဲရဲတောက်ဖက်ရှင်နဲ့ လန်ဒန်မြို့မှာ ဂေါ်နေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒြာကျော်ဇင်ကတော့ “LONDON CITY!!အမှတ်တရအဖြစ်snap photoတွေမေတ္တာဖြင့်ရိုက်ပေးပါသော Londonမှကိုရဲခန့်နှင့်ကိုနိုင်နိုင်းတို့ကိုကျေးဇူးတင်ပါတယ်..(ဒီပုံလေးတွေပဲ ပုံကောင်းပေါ့နော်, Cameramanရိုက်ပေးလို့.. နောက်တင်မဲ့ပုံတွေကတော့ ကိုယ့်ဘာကိုယ်ဆိုတော့ ဟီး????)” ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြရတဲ့ အိန္ဒြာကျော်ဇင်ကတော့ ဖက်ရှင်တင်မကဘူး၊ Pose တွေကလည်း လုံးဝအလန်းတွေနော်…။

ပရိသတ်တွေကို ချပြဖို့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ လတ်တလောမှာလည်း “ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပါသေးတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source:Eaindra Kyaw Zin’s Facebook Page ,momolay
Photo ;YeKhant,Naing Naing

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.