လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို အလှူငွေ လှူဒါန်းလိုက်တဲ့ ဒေါင်း

Posted on

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦးဖြစ်တဲ့ ဒေါင်းဟာ ဓာတ်ပုံတွေ ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒေါင်းက ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့စဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလဲ ဒေါင်းက အားပေးသူ ပရိသတ်အခိုင်အမာနဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။

ရုပ်ချောသလို စိတ်ထားလေးလည်းလှတဲ့ ဒေါင်းက လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို အလှူငွေ(၅)သိန်းကျပ်တိတိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မွေးရာပါ နှလုံးအပေါက်ပါတဲ့ (၅) နှစ်အောက်အရွယ် ကလေးငယ်တွေကို ခွဲစိတ်ကုသပေးနေတဲ့ ဖောင်ဒေးရှင်းပဲ ဖြစ်ပါတယ်။

ဒေါင်းက “လိပ်ပြာစံအိမ်”၊ “လေဆန်ကကြိုး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းရဲ့ နောက်ထပ် အနုပညာခြေလှမ်းဖြစ်တဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်အချိန်အတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒေါင်းက “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အိန္ဒြာကျော်ဇင်နဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်ထားပြီး “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မေမြင့်မိုရ်နဲ့အတူတူ သရုပ်ဆောင်ထားပါသေးတယ်။

ဒေါင်းကတော့ တက်သစ်စ သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင်သရုပ်ဆောင်နိုင်သူ တစ်ဦး ဖြစ်ပါတယ်။။ ဒေါင်းလည်း အခုလို လှူဒါန်းရတဲ့အကျိုးကြောင့် ဒီထက်မက အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: ခေတ်သစ် ဖောင်ဒေးရှင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.