လက်ရှိအခြေအေ နတွေကြားမှာ ပျော်မနေေ တာ့ဘူးဆိုပြီး ပရိသတ်တ စ်ယောက်ကို ရင်ဖွင့်လာတဲ့ ဖွေးဖွေး

Posted on

နိုင်ငံကျော် အကယ်ဒမီများရှင် မင်းသမီးတစ်ေ ယာက်ဖြစ်တဲ့ ဖွေးဖွေးက “လက်ပံ”၊ “ကျွန်မကနှင်းဆီ ပါမောင်”၊ “ရွှေကြာ” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုတွေများစွာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ထိပ်တန်းမင်းသမီးတစ်လ က်ဖြစ်တဲ့ ဖွေးဖွေးကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေ ပိုင်ဆိုင်ထားသူပီပီ မနာလိုဝေဖန်မှုတွေကိုလည်း ခံရလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဖွေးဖွေးက သူမရဲ့ အချ စ်ရေးကိစ္စတွေနဲ့ ပက်သတ်ပြီး ကောလဟာလသတင်းတွေ ထွက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီကိစ္စတွေနဲ့ ပက်သတ်ပြီးတော့ ဖွေးဖွေးက ဘာကိုမှ တုံ့ပြန်ပြောဆိုထားခြင်းမရှိပါဘူး။

ဖွေးဖွေးရဲ့ Fan တွေကတော့ ဖွေးဖွေးရဲ့ အခြေအနေကိုသိကာ “တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘေးနားမှာ Darlings တွေအများကြီးရှိပါတယ် 🥺❤️ အခုတလော စိတ်ညစ်နေတယ်မလားယူ 🥺 ယူမပျော်မှန်းသိတယ် 😭 ပျော်ပျော်နေပါကွာ ☹️♥️”ဆိုပြီး အားပေးစကား ပြောခဲ့ပါတယ်။ ဖွေးဖွေးကတော့ ထိုအမာခံပရိသတ်ကို “ဘယ်သူကပျော်မှာလဲ ကလေးရယ်….” ဆိုပြီး သူမရဲ့ စိတ်အခြေအနေကို ပြန်လည်ပြောပြလာပါတယ်။

ဖွေးဖွေးကတော့ လက်ရှိမှာတော့ သူမရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး သူမရဲ့ စိတ်ရော ကိုယ်ရောကိုပါ အနားပေးနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phway Phway’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.