



Source… Shwe Poe Eain’s facebook


ယူနီကုဒ်ဖြင့်ဖတ်ရန်
လက်ရှိအနေအထားမှာ စိတ်ပူပန်နေရတဲ့ပရိသတ်တွေအတွက် စနောက်လိုက်တဲ့ ရွှေပိုးအိမ် …

မြန်မာနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသမီးတွေထဲကမှ ရိုးရိုးယဉ်ယဉ်လေးနဲ့ နန်းဆန်လွန်းလှတဲ့ မင်းသမီးချောလေးရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေရင်းနှီးပြီးလောက်မယ်ထင်ပါတယ်နော်။ ရွှေပိုးအိမ်လေးကတော့ ပရဟိတလုပ်ငန်းပိုင်းတွေမှာလည်းဝင်ရောက်လုပ်ကိုင်နေတာကြောင့် သူမကို ပရိသတ်တွေတော်တော်များများ သိလာကြတယ်ဆိုလည်းမမှားလောက်ပါဘူး။ သူမဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာလည်းကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ရွှေပိုးအိမ်လေးကတော့ အခုခေတ်စားနေတဲ့ tik tokလေးတွေစတင်ဆော့လေ့ရှိပြီး သူမရဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အမြဲတင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၅)ရက်နေ့မှာ ရွှေပိုးအိမ်ကတော့”Virusကြောက်ရင်မ ဆီလာခဲ့ပါမောင်”ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ မောင်လေးတွေအတွက် စနောက်ကာပြောလိုက်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

CeleConnectionsပရိသတ်တွေအတွက် ရွှေပိုးအိမ်လေးရဲ့ စနောက်လိုက်တဲ့အကြောင်းနဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေက ရွှေပိုးအိမ်လေးကို ချစ်တယ်ဆိုရင်မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure… Shwe Poe Eain’s facebook

Angella(CeleConnections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.