
Posted on




 



ယူနီကုဒ်ဖြင့်ဖတ်ရန်
လက်ရှိအချိန်မှာ ပြုလုပ်သင့်တဲ့ အရာတစ်ခုကို ထောက်ပြလိုက်တဲ့ ဝတ်မှုံရွှေရည် …

Cele Connectins ပရိသတ်ကြီးရေ ဝတ်မှုံရွှေရည်ကတော့ အရွယ်နဲ့မလိုက်အောင် နုပျိုလန်းဆန်းနေတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အမာခံပရိသတ်တွေ ဘယ်လောက်များလဲဆိုရင် We Love Group တွေအပြင် We Love Page တွေပါ ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ အခုချိန်ထိ အချစ်ရေးမှာလည်း တစ်ကိုယ်တည်း Single အဖြစ်နဲ့ ဖြတ်သန်းနေတဲ့ ရွှေကစ်အတွက် ချစ်တဲ့ပရိသတ်တွေက သူမတွက် အားအင်တွေပါပဲတဲ့နော်။

ရွှေကစ်ကတော့ အကယ်ဒမီ (၂) ခုကို ရရှိပိုင်ဆိုင်ထားတဲ့ အပြင် ယခု(၂၁၁၉ ) မှာလည်း သူမရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာပါဝင်တာကြောင့် ချစ်တဲ့ပရိသတ်တွေက ထပ်မံပြီး အကယ်ဒမီကိုဆွတ်ခူးနိုင်မယ်လို့ ခန့်မှန်းပေးနေကြတာပါ။ ယခုဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်ပြီး အလှူတွေအပြင် ဆောင်ရန်ရှောင်ရန်တွေကို တိုက်တွန်းနေတဲ့ အနုပညာရှင်တွေထဲမှာ ရွှေကစ်လည်း အပါအဝင်ပါပဲနော်။

ဒီနေ့မှာလည်း ” အခုလို အချိန် ရေများများ သောက်ပေးပါ အသည်းလေးတို့stayhyadrated PS . အလုပ်ကိစ္စနဲ့ အပြင်ရောက် ရေသောက် တပ်ပီးပုံတင်လိုက်သည် ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေကို သတိပေးစကားပြောကြားထားတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ရွှေကစ်ရဲ့ အကြံပေးချင်လေးကို သတိရှိဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source : WuttHmone Shwe Yi

Candy -CeleConnections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.