အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ခွန်အားတွေ ဖြစ်စေမယ့် မှတ်သားစရာစာသားတွေ ကို အမြဲလိုလိုဝေမျှလေ့ရှိပြီး သူမ ရေးသားခဲ့တဲ့ စာသားတိုင်းကလဲ ဖတ်ရှု့သူတွေကြားမှာ နာမည်ကြီးလေ့ရှိပါတယ်။ အဲ့ဒီလို နာမည်ကြီးတဲ့ အထဲမှာမှ မနက်ခင်း ခေါက်ဆွဲပြုတ်ရင်း ရေးသားခဲ့ပါတယ်ဆိုတဲ့ “မိန်းမတွေ အတူမအိပ်ချင်တဲ့ ယောင်္ကျားတွေအကြောင်း” ဆိုတဲ့ စာလေးကတော့ တကယ့်ကို ဟစ်ဖြစ်ခဲ့တဲ့ သူမရဲ့ မှတ်စုလေးပါ။
၂၀၁၄ ခုနှစ်ထဲက National Director လှနုထွန်းအဖြစ်နဲ့အလှမယ် တစ်ယောက်ရဲ့ ပြဿနာ ကြောင့် ပရိသတ်တချို့က သူမကိုသိခဲ့ကြပြီး ဖြစ်ပါတယ်။ သူမက ထက်မြတ်တဲ့ မိန်းမတစ်ယောက်ဖြစ်သလို စာတွေကဗျာတွေနဲ့ မှတ်သားစရာတွေကို သူမရဲ့ လူမှု့ကွန်ယက် စာမျက်နှာတွေကနေ ဖော်ပြလေ့ရှိပါတယ်။ ယခုအခါမှာလဲ မင်္ဂလာဆောင်မယ့် မောင်မယ်တွေအတွက် စာချုပ် နှစ်ခု ရှိသင့်တယ် ဆိုတဲ့ အချက်ကိုချပြလိုက်ပါတယ်။
သူမပြောခဲ့တာတွေကတော့ “ မင်္ဂလာဆောင်မည့်သူများ လက်ထပ်စာချုပ်အပြင် စာချုပ်နောက်တခု ထပ်ချုပ်ရန် လိုအပ်ပြီး စာချုပ်ထဲမှာပါသင့်တဲ့ အချက်တွေကတော့ –
၁) လက်ရှိကိုယ်ခန္နာကိုယ်ထက် တစ်စင်တီ ပိုမဝလာရ
၂) ချစ်တယ်ဆိုတဲ့စကား တနေ့  တခါအနည်းဆုံး မပြောမနေရ
၃) ရည်းစားဘဝကအတိုင်း ညင်သာစွာ ပြောဆိုနေထိုင်ရမည်
၎) မိန်းမဟင်းထမင်းကို မိဘလက်ရာနှင့် မနှိုင်းယှဉ်ရ
၅) ယောက်ျား ရှာဖွေတာကို ငါ့မိဘတုန်းကဆိုပြီး မနှိုင်းယှဉ်ရ
၆) ကလေးရလာလည်း အချစ်မလျော့ရ
၇) လောင်းကစား မလုပ်ရ” စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းထားပြီး ထပ်မံ ဖြည့်စွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သူမပြောထားတဲ့ အချက်တွေက မိန်းကလေးတွေရော ယောကျာ်းလေးတွေအတွက်တာမျှတတဲ့အချက်လို့ ပြင်မိပါတယ်။ အိမ်ထောင်ကျပြီးရင် ကောင်မလေးတွေရော ကောင်လေးတွေရောက ၀သွားတက်ကြတာတယ် မဟုတ်လား ဒါကြောင့် ဒီအချက်လေးတွေက ယူတို့အတွက် အသုံးဝင်စေမယ် ထင်လို့ ရေးသားဖော်ပြပေးလိုက်ပါတယ်။
တိုက်ဆိုင်မှုတွေရှိသူတိုင်း မျှဝေပေးသွားဖို့မမေ့ပါနဲ့နော် ။ ဖတ်ရှု့ပေးတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source – Hla Nu Htun
ခရက်ဒစ် မိုမိုလေး