” လက်ချိုးရေလို့ရတဲ့ Instagram Follower သန်းချီရှိတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေထဲမှာ ပါဝင်လာတဲ့ နေခြည်ဦး”

Posted on

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ မိန်းကလေးပရိသတ်အခိုင်အမာရရှိထားတဲ့ Beauty Bloggerတစ်ယောက်ပါ။ အခုနောက်ပိုင်း သရုပ်ဆောင်ဘက်ကိုပါကူးပြောင်းလာတဲ့သူမအတွက် ယောကျာ်းလေးပရိသတ်တွေပါ အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။

သူမရဲ့ အနုပညာအလုပ်တွေအပြင် သူမရဲ့မိသားစုကိုလည်း ပရိသတ်တွေကစိတ်ဝင်တစားရှိကြပါတယ်နော်။ သူမအနေနဲ့ အတိုက်အခိုက်မျိုးစုံ​ကြုံတွေ့ခဲ့ပေမယ့် ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် အခုချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးပြီး လူ​ကြိုက်များတဲ့ အနုပညာရှင်မင်းသမီးတစ်ယောက်အပြင်အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်အဖြစ်ရပ်တည်နေတာပါ။

ဒီနေ့မှာတော့သူမရဲ့ အားပေးတဲ့အမာခံပရိသတ်တွေဟာ Facebookမှာတင်မကဘဲ Instagramအကောင့်မှာလည်း Follower ၁သန်းကျော်သွားခဲ့တာပါ။ မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေထဲမှာ Instagramအကောင့် သန်းချီရှိတာ အရမ်းကိုရှားပါတယ်နော်။ တကယ့်ကို ဒိတ်ဒိတ်ကြဲဝါရင့်တွေနဲ့အပြိုင်အားပေးခံရတဲ့ နေခြည်ဦးကတော့ ချီးကျူးစရာပါပဲနော်။ ပရိသတ်ကြီးထဲမှာရော ချီချီပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nay Chi Oo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.