“ရှုတင်နားနေချိန်မှာ လူရွှ င်တော်ဦးအုန်းသီးရဲ့ ဆေးထိုးစနောက်ထားတဲ့ အမှတ်တရလေးကို ချပြလာတဲ့ ခေးဆက်သွင်”

Posted on





unicode

ခေးဆက်သွင်ဟာဆိုရင် Forever Groupကနေ စီစဉ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကနေ အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမကတော့ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်ရရှိလာတဲ့သူတစ်ဦးပါပဲနော်။ ပျော်ပျော်ရွှင်ရွှင်နေတတ်လွန်းတဲ့သူမကိုတော့ပရိသတ်တွေရဲ့အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ လတ်တလောမှာ ရိုက်ကူးရေးတွေခနရပ်နားထားပြီး သူငယ်ချင်းတွေနဲ့အတူ ခရီးသွားနေတာတွေတွေ့ရလိမ့်မယ်ထင်ပါတယ်။ သူမကိုအားပေးနေတဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ခေးဆက်သွင်က” မင်းသမီးလား သူတောင်းစားလား မသဲကွဲဘူး တစ်ကိုယ်လုံး မိတ်ကပ်အမဲနဲ့ ဦးအုန်းသီးတို့ဆေးဝိုင်းထိုး”လို့ဆိုပြီး ရှုတင်ရိုက်ကူးရေးနားနေချိန် အိပ်ပျော်နေတဲ့ပုံရိပ်ကို သရုပ်ဆောင်အုန်းသီးရဲ့ဆေးထိုးခံရတဲ့ ပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ခေးဆက်သွင်ကို သရုပ်ဆောင်အုန်းသီးရဲ့ဆေးထိုးထားတဲ့ပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေ ပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure….Khay Sett Thwin’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.