ရှားရှားပါးပါးရတဲ့ အားလပ်ရက်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တောထဲတောင်ထဲသွားပြီး ပကာသနကင်းကင်း အချိန်ကုန်ဆုံးနေတဲ့ မြင့်မြတ်

Posted on

နိုင်ငံကျော်မင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေက ဆင်းရဲ၊ ချမ်းသာ ကာရိုက်တာမရွေး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားကြရတဲ့အထိ ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကလည်း ပရိသတ်တွေအားပေးရကျိုးနပ်အောင် တစ်နေ့ထက်တစ်နေ့ ပိုပြီး တော်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေလျက်ရှိပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးခြင်းတွေကို ရပ်နားထားရတဲ့ မြင့်မြတ်ကတော့ ရှားရှားပါးပါးရတဲ့ အားလပ်ရက်လေးမှာ သူလုပ်ချင်တာမှန်သမျှကို လုပ်ကိုင်ရင်း ဖြတ်သန်းနေလျက်ရှိပါတယ်။ ဒီတစ်ခါမှာလည်း မြင့်မြတ်က သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ K ညီ၊ ထူးခြားတို့နဲ့အတူတူ့ တောထဲတောင်ထဲသွားပြီး ပကာသနကင်းကင်းနဲ့ ထမင်းစားသောက် ပျော်ရွှင်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ်ကတော့ အားလပ်ရက်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အားလပ်ရက်လေးမှာ ချစ်ရတဲ့ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်တွေကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယ

Source: Myat Wai Tun

zawgyi




Source: Myat Wai Tun

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.