ရုရှားမှာ မြန်မာ့ဂုဏ်ကို ဆောင်ယူပေးတော့မယ့် နိုင်ငံကျော်သဘင့်မျိုးဆက်သစ်တွေ

Posted on

ရုရှနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့ရှိ အိုကီယမ်စင်တာတွင် ကျင်းပပြုလုပ်မည့်
လူငယ်ပွဲတော်သို့ တက်ရောက်ရန်အတွက်
မြန်မာနိုင်ငံသဘင်အစည်းအရုံးကိုယ်စားပြု သဘင်ရင်သွေးလူငယ်များသည်
Private Teachers Association မှ လူငယ်များနှင့် ပူးပေါင်းလျှက်
ယမန်နေ့ (၁၉.၇.၂၀၁၉)၊ ည (၁၁း၁၅) နာရီ အချိန်တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီးယမန်နှစ် (၂၀၁၈) ခုနှစ် သွားရောက်စဉ်က-
ပွဲတော် အနုပညာပြိုင်ပွဲ၏ အမြင့်ဆုံး Grand Prix ဆုကြီးအား
မြန်မာလူငယ်များမှ ဆွတ်ခူးနိုင်ခဲ့တာပါ။



ယခုသွားရောက်သောလူငယ်အဖွဲ့ကို ဗဟိုသဘင် အမှုဆောင် (၃) ဒေါ်မြတ်နုသွေး ခေါင်းဆောင်၍- သဘင့်မျိုးဆက်များဖြစ်သော
(၁) ကောင်းစစ်မင်း (မြို့ရွှေမန်းသား ဖိုးချစ်၏ တူ)
(၂) နေမိုးဝင်း (ဦးမိုးဝင်း၏ သားထွေး)
(၃) ထွန်းဝီရ (မင်းသားကြီး ဦးရဲစိန်၏ မြေး)
(၄) ဇာနည်ကို (ရွာစား စိန်ကုလား၏ သား- Myanmar Got Talent)
(၅) ဟံသာမိုး (သားတို့အမြွာ- Myanmar Got Talent)
(၆) ဟံသာဖြိုး ( ။ )
(၇) ဇွဲထက်အောင် ( နှဲ၊ မန္တလေး ပန်တျာကျောင်း )
(၈) ခိုင်ဆုဝေ ( လူရွှင်တော် ကိုအောင်သော် [5 Stars] ၏ သမီး)
(၉) ထက်ထက်အောင် (အက၊ မန္တလေး ပန်တျာကျောင်း)
တို့ အတူတကွ လိုက်ပါသွားခဲ့ကြခြင်းဖြစ်ပါသည်။
အဆိုပါ လူငယ်ပွဲတော်သို့Japan၊China၊ Denmark၊ German၊Nederland ၊Spain၊Republic of Korea၊Mongolia။France
Serbia၊Belarus၊Greece၊Algeria၊Switzerland ။Bulgaria၊Lao။၊Vietnam ၊Myanmar ၊Kazakhstan ၊Russia စသည့် နိုင်ငံများမှ
အသီးသီးတက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။ သဘင့်မျိုးဆက်သစ်လေးတွေ မနှစ်ကလို ဆုကြီးတွေ ဆွတ်ခူးနိုင်ဖို့ ဆုတောင်းပေးကြပါဦး။

Source –

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.